2

847 150 5
                                    

Scroll Down For Zawgyi

ကျောင်းတက်ရက်တွေက နှစ်ပတ်ဆိုတဲ့အချိန်ကို ကျော်လွန်သွားခဲ့ပြီ။ အတန်းချိန်မစခင်ရဲ့ အင်္ဂါ
နေ့နံနက်ခင်းက နေရောင်ဖြဖြလေးနဲ့ သာယာစပြုနေတယ်။

အိမ်စာတွေ အများကြီးပေးတတ်တဲ့ အတန်းပိုင်ဆရာကြောင့် ဝမ်ရိပေါ်ဟာ သင်္ချာပုစ္ဆာတွေကို အတန်းချိန်အမှီပြီးဖို့ရာ လိုအပ်နေတာမို့ စာအုပ်ကို ခပ်သွက်သွက်ထုတ်ယူလိုက်တယ်။ ပြီးတော့မှ... ။

'' ရှောင်းကျန့် ... မနေ့က ဆရာရေးပြလိုက်တဲ့ သင်္ချာမေးခွန်းတွေလိုက်မှတ်ထားတာ ခဏလောက်ငှားလို့ရမလား ''

'' အင်း... မင်း အိမ်စာမပြီးသေးတာလား ''

ရှောင်းကျန့်က ပြောရင်းနဲ့ပဲ စားပွဲအောက်က အံထဲကနေ သူ့ရဲ့စာအုပ်ကို ထုတ်ပြီး လှမ်းပေးတယ်။
ဒီကျောင်းတက်ရက်တွေမှာ သူတို့က သူငယ်ချင်းတွေလိုမျိုး ရင်းရင်းနှီးနှီးရှီလာခဲ့တယ်။ဒါပေမယ့် ဝမ်ရိပေါ်က ဟန်လုတို့နဲ့ မတူဘူး။ ရှောင်းကျန့်အတွက် ထူးခြားတဲ့ သူငယ်ချင်းအသစ်လေးသာ ဖြစ်တယ်။

'' ငါမေ့လာခဲ့တာ ''

'' မှီပါ့မလား... ငါ့ဆီက အဖြေတွေပါကူးလိုက်လေ ''

'' အဲ့ဒါတွေက မင်းတွက်ထားတာလေ... ငါကူးဖို့မလိုအပ်ပါဘူး... ငါလိုတာ မေးခွန်းတွေပဲ ''

ရှောင်းကျန့် ဘာမှပြန်မပြောတော့ပဲ စာငုံ့ရေးနေတဲ့ ဝမ်ရိပေါ်ကိုပဲ ကြည့်နေလိုက်တယ်။ မနေ့က ဆရာမေးခွန်းတွေရေးပေးနေခဲ့တဲ့အချိန်မှာ ဘာလုပ်နေခဲ့လို့များလဲ။ စာသင်ချိန်တိုင်းမှာတော့ ရှောင်းကျန့် လှည့်ကြည့်မိတိုင်း သူတို့က အမြဲတမ်း အကြည့်တွေဆုံတတ်တယ်။

'' အားလုံး သတိ... ဆရာ့ကို နှုတ်ဆက် ''

ဟန်လုအသံကြောင့် သူတို့က ချက်ချင်းမတ်တပ်ရပ်လိုက်ကြရတယ်။ ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်ကို စိုးရိမ်စွာနဲ့ ကြည့်တယ်။ ဒီတိုင်းဆို အိမ်စာတွေပြီးဖို့မမှီတော့ဘူး။ သူတို့ရဲ့ အတန်းပိုင်ဆရာက သိပ်အချိန်တိကျလွန်းတယ်။

.
.
.
.

အိမ်စာမပြီးတဲ့အတွက်ကြောင့် ဝမ်ရိပေါ်က အခန်းရှေ့မှာ မတ်တပ်ရပ်နေဖို့ အပြစ်ပေးခံခဲ့ရတယ်။ သူနဲ့အတူ ကျောင်းသားနှစ်ယောက်လည်း ရှိတာမို့ တစ်ယောက်တည်းတော့ ဖြစ်မနေခဲ့ဘူး။ အပြစ်ဒဏ်က အတန်းချိန်တစ်ချိန်လုံးဆိုပေမယ့် သူ့အတွက်တော့ အနည်းငယ်ညောင်းရုံလောက်သာ ဖြစ်တယ်။

So This Is Love!Tempat cerita menjadi hidup. Temukan sekarang