Unicodeဝူရုန်ရုတ်တရက် သူ့ကိုယ်ပေါ်ဖိနိုပ်ထားသောယင်ချီများ ထွက်သွားသည်ကို သိလိုက်ရကာ ထိုနောက်တွင်တော့ဂူဝနားမှ နှပ်ချေးတွေမျက်ရည်တွေ ပြည့်နေသော လူသုံးဦးအိတ်ထုတ်များလို့လွှင့်ပစ်ခံလာရသည်။
ဒါကနတ်ဆိုးမြောင်တွေလား?
ဝူရုန်သူတို့အဝတ်ကိုသတိပြုမိကာ သေနပ်ကိုင်ထားသောလူသန်ကြီးအားစိုက်ကြည့်လိုက်သည်။
ရေညှောင့်ကောင်နှင့် ခုံးကောင်ရန်ဖြး်နေစဉ်တွင် တံငါသည်က အနိုင်ရလိုက်သည်။ (T/N ရန်ပွဲတစ်ခုဖြစ်ပွားပြီး တတိယလူမှ အကျိုးမြတ်ရလိုက်သည်)။ ဒါကဘာလဲဆိုတာနားမလည်နိုင်ဘူးလား?
"ငါ့ကိုမသတ်နဲ့ ၊မသတ်ပါနဲ့ မသတ်ပါနဲ့!"
တရုတ်အသံရောယှက်နေသောမြောင်ဘာသာဖြင့်သနားကြင်နာမူအတွက်တောင်းပန်ငိုယိုနေသည်။ တစ္ဆေစိတ်ဝိဉာဉ်ပြန်လည်ဖြစ်တည်မူဖြစ်ခဲ့သည်မှာ နှစ်ပေါင်းတစ်ရာ ရှိနေသော်လည်း လူသားများ၏ တစ္ဆေအပေါ် ထိတ်လန့်မူမှာ အမြစ်စွဲနေတုန်းဖြစ်သည်။ ကိုယ်တိုင်ကအမဲလိုက်သတ်ဖြတ်နေသောနတ်ဆိုးမြောင်များအနေဖြင့်တနေ့မှာ သူတို့ကသားကောင် ဖြစ်လာလိမ့်မည်လို့ မတွေးမိခဲ့ပေ။
လူသတ်သမားကအမြဲသတ်ခံရမှာပဲ။
တစ္ဆေကြီးသည် မည်သည့်ခံစားချက်မှမရှိပဲ ၎င်းသတ်ဖြတ်နေပုံက ပိုးကောင်များကိုခြေမွနေသလိုပင် ဝူရုန်မတုန့်ပြန်နိုင်မီမှာပင် တစ္ဆေကြီးသည် ထိုခေါင်းသုံးခေါင်းကို လိမ်ချိုးလိုက်လေသည်။ ဦးခေါင်းမရှိတောသော ကိုယ်ထည်ကြီးက ဝူရုန်ဒူးနားကျလာပြီး နံရံဆေးရေးထားသော ဂူနံရံဘက်လှည့်ကာ နတ်ဆိုးမြောင်များအစုလိုက်အပြုံလိုက်သတ်ခဲ့သောမြောင်များအပေါ်အပြစ်ဝန်ခံနေသလိုပင်။ ပန်းထွက်လာသောသွေးများက မြေပြင်ပေါ်က ကျောက်တုံးနံရံများကိုလွှင့်စင်သွားပြီး ရဲမီးလို တဖျတ်ဖျတ်လက်နေသော ကျုံးကူသည် မကျေမနပ်ဖြင့် အဝေးသို့ဆက်ခနဲ ခုန်ကူးသွားသည်။ သွေးစင်နေသောနေရာတွင်ရုတ်လျည်းအကွက်လိုက်ဖြစ်သွားသည်။
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်
HorrorTitle: After rebirth,I returned to Miaojing to inherite my family business Type : Web novel Status in COO Complete (283 chapters+9 extra) Completely translated No Original Publisher jjwxc This is not my own work just as fan translation.Do not have...