Ch.34-Wuu,wuuuu

451 78 1
                                    

|| Unicode ||

    တံခါးသည်  တွန်းဖွင့်မှသာအက်ကွဲမူနှင့်အတူ ပွင့်သွားပြီး သွေးကဲ့သို့နီရဲနေသော မျက်လုံးတစ်လုံးကို ၎င်းကိုဖြတ်ပြီး ပေါ်လာကာ ဝူရုန်အား အသားစင်းတုံးပေါ်ကအသားပိုင်းကဲ့သို့ ကြည့်နေလေသည်။ ထိုမျက်လုံး၏မျက်ဆံမှာ လွန်စွာနက်မှောင်နေပြီး မျက်သားဖြူများကသွေးနီများဖြင့်ဖုံးလွှမ်းလုနီးပါးဖြစ်နေသည်။ထိုမျက်လုံးသည် ပြောပြ၍မတက်နိုင်အောင် ကြောက်စရာကောင်းကာ အေးစက်နေပြီး လူတွေကိုကြောက်လန့်စေနိုင်သည်။

    "ဝင်လာပါ"

    ကျွိ၊ တံခါးပွင့်သွားကာ အိပ်ဆောင်အတွင်းပိုင်းကိုလှစ်ဟာပြလာသည်။ လျှို့ယန်အထက်တန်းကျောင်း၏အိပ်ဆောင်များမှာလွန်စွာအိုဟောင်းနေပြီး ကွန်ကရစ်နံရံများမှာ တဝက်ဖြူတဝက်စိမ်းနေသည်။ နေရာသေးသေးလေးထဲတွင် နံရံကပ်ကုတင် လေးခုရှိပြီး အိပ်ဆောင်တခန်းတွင် လူရှစ်ယောက်နေရသည်။ အဲကွန်းမရှိပဲ သူတို့ခေါင်းထက်တွင် ပန်ကာတစ်ခုရှိကာ လျှင်မြန်စွာယိုင်လူပ်ခါယမ်းနေပြီး နောက်စက္ကန့်အနည်းငယ်အတွင်း ပြုတ်ကျတော့မယောင်ပင်။ ပန်ကားဘလိပ်များ၏မြန်နူန်းမြှင့်ရွေ့လျားနူန်းသည် လူတစ်ဦး၏ဦးခေါင်းကိုပင် အလွယ်တကူဖြတ်ပစ်နိုင်လေသည်။

    ဝူရုန်အပါဝင် အိပ်ဆောင်ထဲတွင်လူခုနှစ်ဦးသာရှိသည်။ သူပတ်လည်ကိုအနှံ့ကြည့်လိုက်ကာ သူတို့၏ပုံပန်းသဏ္ဍာန်ကို မှတ်ထားလိုက်သည်။

    "ရုန်းရုန်း နင့်ရဲ့မျက်စင်းဆေးငှားပါဦး"

    တံခါးကိုဖွင့်ပေးလာသောမျက်လုံးနီနီနှင့်ကောင်မလေးကပြောသည် " ငါမျက်လုံးက ပိုပိုပြီးနာလာနေတယ်"

    ဝူရုန်ခေါင်းငြိမ့်လိုက်ကာ ဗလာဖြစ်နေသော နံရံကပ်ကုတင်ကိုညွှန်ပြလျက် " သူမဘယ်သွားလဲ?"

    "ဟမ့် သူဘယ်ကိုသွားနိုင်မျာလဲ။ ဒါပေါ့ ချီဖန်းဖန်းက အိမ်သာကို သန့်ရှင်းနေတုန်းလေ"

   ပြတင်းပေါက်ဘေးရှိအပေါ်ထပ်ကုတင်ပေါ်မှသစ်အယ်သီးရောင် ဆံပင်နှင့်မိန်းကလေးကနှာမူတ်ကာ မှန်အသေးလေးကိုယူ၍ မိတ်ကပ်လိမ်းကာ သူမဘာသာတခစ်ခစ်ရယ်လျက် " ငါနင့်ကိုရိုးရိုးသားသားပြောရမယ်ဆိုရင်  သူမကဆင်းရဲလွန်းတာလို့အိပ်ဆောင်ကထွက်သွားသင့်ပြီး ငွေကိုချွေတာနိုင်တာပေါ့__"

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now