Ch89-Emotional self-regulation skills

167 18 3
                                    

|| Unicode ||

    ဤတစ်ကြိမ်သည် ပိုင်ကုနှင့်တခြားသူများ ဖုချင်း တာအိုဝတ်ရုံမဟုတ်သည့်အထည်အားဝတ်စားထားခြင်းကိုပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ဆန့်ကျင်ဘက်ဖြစ်နေခြင်း၏သက်ရောက်မှုမှာအလွန်တရာကြီးမားသည့်အတွက်အာလုံးနေရာမှာတင်အေးခဲကုန်သည်။ သူတို့တင်မဟုတ် ဝူရုန်ပင်လျင်ဖုချင်းအားတွေ့လိုက်သည့်အခိုက် စိတ်များပင် တခဏမျှ ပျံ့လွင့်သွားသည်။

   တာအိုဝတ်ရုံမှ ခေတ်ပေါ်အင်္ကျီအားပြောင်းလဲဝတ်ဆင်လိုက်ခြင်းသည် ဖုချင်း၏တခြားသူများလှမ်းမဝင်နိုင်သည့်အေးစက်မှုကိုလျှော့ကျစေပြီး ဘွဲ့ရပြီးကာစကောလိပ်ကျောင်းသားလေးနှင့်တူသွားစေသည်။ ဆံနွယ်ရှည်များနှင့် မတူကွဲပြားသည့်ခံစားချက်မျိုးရမနေပါပဲ ထိုအရာကသူ့၏အနေထားအားပို၍ ပေါ်လွင်သွားစေသည်။ တချို့သောလူများသည် ပင်ကိုယ်သဘာဝအရကိုပင် မော်ဒယ်နှင့်တူနေသည်။ သူသည် သိသိသာသာကိုပင်သာမန်ရှပ်အင်္ကျီနှင့်ဘောင်းဘီရှည်ကိုဝတ်ထားခြင်းဖြစ်သော်လည်း သူဝတ်လိုက်သည့်အခါ အဆင့်မြင့်အထည်များနှင့်တူသွားပြီး မျက်စိဖမ်းစားလွန်းလှသည်။

    ဖုချင်း၏မျက်လုံးများသည်သာ တည်ငြိမ်ထက်ရှနေဆဲဖြစ်ပြီး၎င်းက တခြားသူများ အား တမူထူးခြားနေသည်ကိုခံစားရစေသည်။ ဝူရုန်ဖုချင်း၏မျက်စံများထဲကြည့်လိုက်ကာ နီရွှေရောင်မီးတောက်တို့ငြိမ်းသွားပြီးပျောက်ကွယ်သွားပြီဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ကျန့်ယန်မီးအားဖိနိုပ်ထားနိုင်သော်လည်းဖုချင်းသည် စဉ်ဆက်မပြတ်ပိုပို၍ သန်မာအားကောင်းလာမည်ဖြစ်ရာ သူ၏ပျောက်ဆုံး‌နေသောစိတ်ဝိဉာဉ်အားရှာတွေ့မှသာ ပြဿနာအားဖြေရှင်းနိုင်မည်ဖြစ်သည်။

   ခတ္တမျှချင့်ချိန်စဉ်းစားပြီးနောက် ဝူရုန်သူ့ကိုယ်သူဖုချင်း၏မျက်လုံးများထဲ၌တွေ့လိုက်သည်။ သူသည် သဘာဝကျစွာပင် သူ့၏လက်အား ဝူရုန်၏လည်ပင်းနောက်တွင်ထားလိုက်ကာ ဝူရုန်မှ‌ နေမထိထိုင်သာဖြစ်၍ ရှောင်ရှားချင်သည်ကိုတွေ့မှသာ လွတ်ပေးလိုက်သည်။

   "ဆံပင်စည်းဖို့မရှိဘူးလား"

    ခေတ်ပေါ်အင်္ကျီနှင့် ကြာပန်းသရဖူအားတွဲဖက်ဝတ်ဆင်ခြင်းသည်အမှန်တကယ်ပင်မလိုက်ဖက်လှ ဝူရုန်သည် အခုတင်သူဆံပင်အားပေါက်ကွဲထွက်မတက်ပူလောင်သွသည့်ခံစားချက်အားလျစ်လျူရူကာ ဖုချင်း၏ဆံပင်ပြဿနာအားဖြေရှင်းပေးရန်သွားလိုက်သည်။ သူတို့ကြားမှသဘာဝကျနေသည့်အပြန်အလှန် ဆက်ဆံမှုများသည် ဟွမ်းမောင်ပင်လျှင်အနည်းငယ်မျှ ခံစားမိလေသည်။ သူသည် ဝူရုန်အားအချိန်အတော်ကြာသိခဲ့သည်ဖြစ်ပြီး ဖုချင်းသည် ဝူရုန်၏သူငယ်ချင်းအသိုင်းဝိုင်းသို့ အမြန်ဆုံးဝင်ရောက်လာနိုင်ခဲ့သူဖြစ်သည်။ အကိုရုန် မိတ်ဆွေများပိုများစွာရရှိလာနိုင်ခြင်းသည်ကောင်းမွန်သည့်အချက်ဖြစ်ကာ သူသည် အမှန်တကယ်ပင်ပျော်ရွှင်မိသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now