Ch90- Wooooooof

89 9 0
                                    

|| Unicode ||

ဝူရုန်ပြန်သွားပြီးနောက် ကျိုးရှင်းဟုန်သည် စာကြည့်ခန်းထဲသို့ပြန်သွားကာ စားပွဲခုံပေါ်‌လက်ချောင်း‌များဖြင့် တောက်လျက် ကြံရွယ်တွေးတောနေသည်။ ကျိုးဟွမ်သည် သူ့ဘေးနားတွက်ရပ်နေလျက်အသံရူသံအားထိန်းချုပ်အာရုံစိုက်နေရင်း လူပ်ရှားရန်ပင်မဝံ့ရဲ။

"အဲ့ကျောက် တုံးရဲ့ အကြွင်းအကျန်အပိုင်းအစတွေကိုသွားစစ်ကြည့်စမ်း ဘာထူးခြားတွေရှိနေသလဲလို့"

"ဟုတ်ကဲ့"

ကျိုးဟွမ် ‌တလေးတစားတုန့်ပြန်ပြီးနောက် ဂရုတစိုက်မေးသည် " ဒါဆို ဝူရုန်..."

"သူ့ကိုလွှတ်ထားလိုက်"

ကျိုးရှင်းဟုန်မျက်လုံးများမှေးကျဉ်းကာ မျက်လုံးများအတွေးကြောင့်ဖျတ်ခနဲဖြစ်သွားလျက် ရုတ်တရက်မေးလိုက်သည် " ကျိုးမင် အဆင်ပြေရဲ့လား?"

"ဟုတ်ကဲ့"

ကျိုးဟွမ်အတွေးများ စိတ်ထဲတဖန်ပြန်လည်လာရင်း ရိုးသားစွာဖြေလိုက်သည် " သူ ဒီည ဟွိုက်ရှင်းနဲ့ ရတနာခုနှစ်သွယ်ဗုဒ္ဓခန်းဆောင်မှာ ယှဉ်ပြိုင်ပါလိမ့်မယ်"

"အမ်း"

ကျိုးမိသားစုနှင့်လျှို့ဝှက်ကြာအသင်းတော်တို့သည် နှစ်ပေါင်းများစွာ ပေါ်ပေါ်ထင်ထင်သာမက တိတ်တဆိတ်ပါ တိုက်ခိုက်‌ခဲ့သည့်အတွကါ သဘာဝကျစွာပင် နှစ်ဘက်စလုံးသည် အတွင်းသူလျှိုများထည့်သွင်းထားခဲ့ကြပြီးဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းကျားယန်သည် အမြင်ပိုင်းအရတည်ငြိမ်နေခဲ့သော်လည်း တကယ်တမ်း အမှောင်ထဲ၌လူဘယ်လောက်များများသေဆုံးထားသည်ကိုမည်သူမှမသိနိုင်။ သံတုတ်ချောင်းဘုန်းတော်ကြီးသည် အတွင်းထဲတွင်ပုန်းအောင်းနေသူထဲမှတစ်ဦးဖြစ်သည်။ နေ့ဘုရင်မ၏အဖိုးဖြစ်သူသည် တိဘက်ဒေသများဆီခရီးသွားခဲ့စဉ်က သံတုတ်ဘုန်းကြီးအား ကလေးအရွယ်ဘဝမှစ၍ကောက်ယူမွေးစားခဲ့ပြီး ဘုန်းတော်ကြီးကျောင်းသို့ပို့ထားခဲ့သည်။

တုတ်ကောက်ဘုန်းကြီးသည် သူ့အသက်ကယ်ခဲ့သည့်ကျေးဇူးအားပြန်ဆပ်ရန်အလို့ငှာ တောင်အောက်သို့ဆင်းလာခဲ့သည်။ သူ့တွင်အဖေအမေနှင့် တရားဝင် အမည်မရှိ။ ကျိုးရှင်းဟုန်သည် သူ့အားမိသားစုအမည်နှင့်ကိုယ်ပိုင်အမည်တစ်ခုပေးခဲ့ပြီး လျှို့ဝှက်ကြာအသင်းတော်ထဲဝင်ရန်ပြောခဲ့သည်။ ထိုအချိန်မှစ၍ယခုထိ သူသည် လျှို့ဝှက်ကြာအသင်းတော်ထဲ ရှိ ကျိုးမိသားစု၏ အတွင်းဆုံးသူလျှိုတစ်ဦးဖြစ်ခဲ့သည်။

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now