Ch88-Jijiji

244 24 4
                                    

|| Unicode ||

    'တည်နေရာ'ဟူသောစကားလုံးလေးမှာ ရိုးရှင်းသော်ငြား ဆရာသခင်လင်းယွင်၏အတွေးထဲတွင်တော့မရေမတွက်နိုင်သောအတွေးများ ချက်ချင်းပင် ဖြတ်ပြေးသွားတော့သည်။ ယန့ည၌ ဖြစ်ပျက်သွားသောအကြောင်းအရာများအပေါ်မူတည်၍ ဝူရုန်ကာရိုက်တာအားခွဲခြမ်းစိတ်ဖြာရခြင်းမှ သူသည် ယခုအခါ အလွန်ရှုတ်ထွေးသောစိတ်အခြေနေတွင်ရှိနေသည် အလုပ်သမားတစ်ယောက်မှ သူ၏ကိုယ်ပိုင်အချိန်အတောအတွင်း အလုပ်နဲ့ပတ်သတ်သည်များကိုဘော့စ်ဆီမှဆက်လက်လက်ခံယူနေရသကဲ့သို့ပင်။

   ဆရာသခင်လင်းယွင်အချိန်အတော်ကြာတုန့်ဆိုင်းနေသည် အခန်းထဲပြန့်ကျဲလျက်ရှိသောအပိုင်းပိုင်းပြတ်နေသည့် ပတ်တီးစများသည်ပင် တဖန်အတူတကွပြန်စီသွားပြီဖြစ်သည်။ အခန်းထဲ၌အလင်းရောင်လုံးဝမရှိ ဖုန်းမှန်သားပြင်ပေါ်မှအလင်းတစ်ခုသာရှိသည်။ ပြန်စီသွားပြီဖြစ်သောပတ်တီးများထဲမှပတ်တီးစလေးတစ်ခုသည်အ‌ရိပ်ထဲမှခိုးကြောင်ခိုးဝှက်ထွက်လာကာ ဖုန်းမျက်နှာပြင်အားလျင်မြန်စွာထိတို့လိုက်သည်။ လင်းယွင်ဆီမှအပြင်းအထန်ဖမ်းထိန်းခံလိုက်ရသည့်တိုင် ၎င်းသည်ဆက်လျက် တွန့်လူးနေခဲ့သည်။

    "အမြန်လုပ် ဘုရင်ကြီးစောင့်နေတယ်!"

   တုံးအတဲ့အမိူက်!

   ဆရာသခင်လင်းယွင်တစ်ယောက်အနှေးနှင့်အမြန်အခေါင်းတစ္ဆေအိုကြီးကြောင့်သတိလစ်သွားတော့မည်ခံစားနေရသဖြင့် ပတ်တီးများအားလိပ်လိုက်ပြီးနောက် အိပ်ရာကြားထဲထိုးထည့်လိုက်သည်။ သူ ဖုန်းအားဝမ်းနည်းနေသောမျက်နှာဖြင့်စိုက်ကြည့်နေတော့သည်။ အခုတင် ပတ်တီးစမှ စာရေးသည့်နေရာကိုထိလိုက်သည့်အတွက် အကယ်၍ဝူရုန်သာ ဖုန်းကို ကြည့်နေပါက 'တခြားတဖက်မှစာရိုက်နေသည်' ကိုမြင်သွားလိမ့်မည်ဖြစ်သည်။ လင်းယွင်အိပ်နေဟန်ဆောင်ကာ မမြင်လိုက်ဟုလုပ်မည်ဆိုလျှင်တောင် အသုံးမဝင်တော့။

  
ဆက်လက်ပုန်းကွယ်နေရန်မဖြစ်တော့သည့်အတွက် သူသည် ရန်သူတစ်ယောက်နှင့်ရင်ဆိုင်နေရသလို စကားနှစ်လုံးအားသတိတကြီးရိုက်လိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now