Ch 87.1 ....

259 25 2
                                    

|| Unicode||

    သို့သော် လက်ရှိသူ၏အခြေနေမှာ ထိုအချင်းအရာကိုလက်မခံနိုင် ထိုကြောင့် သူအတင်းအကြပ် အဆုံးသတ်ရမည်ဖြစ်သည်။

    ဘယ်လိုအဆုံးသတ်ရပါ့မလဲ?။

    ဝူရုန်၏ထွက်သက်တိုအနည်းငယ်တိုတောင်းလာရကာ ပါးစပ်များခြောက်သွေ့လာပြီး သူ၏သိစိတ်နှင့် ဆင်ခြင်နိုင်စွမ်းတို့သည် သူ၏အသိဉာဏ်အားဆုတ်ဖြဲနေလေတော့သည်။ ဝူရုန်သူ၏လက်အားမဝံ့မရဲ ဆန့်တန်းကာ ယခင်တကြိမ်ကလို ဖုချင်း၏နဖူးအားစမ်းကြည့်ပြီး ယင်ဓာတ်တချို့ပေးချင်သော်လည်း သူ၏လက်အား လမ်းတဝက်တွင်ပင် ဖမ်းဆုတ်ခံလိုက်ရသည်။ ဖုချင်း သည် မျက်လုံးများဖွင့်မလာသော်လည်း ဝူရုန်၏လက်အားမှန်ကန်စွာဖမ်းယူထားနိုင်သည်။ သူသည် ဓားရေးလေ့ကျင့်လေ့ရှိသောကြောင့် လက်များတွင် အသားမာပါးပါးလေးများရှိနေကာ လက်ချောင်းများသည် တခြားသူတို့ထက်သေးသွယ်နေပြီး ဝူရုန်၏လက်အားအလွယ်တကူပင်ယူကာ သူ့မျက်နှာဆီဆောင်ယူလေသည်။

    လက်ရှိဖုချင်းမှာ ထိ၍ပင်မရနိုင် ဝူရုန်လက်ထိပ်လေးဖြင့် သူ၏အရေပြားပေါ်မတော်တဆထိမိရုံနှင့်ပင် ပူလောင်မှုကပေါက်ကွဲထွက်လာကာ သူ၏အရေပြားတလျှောက်မီးလျှံ‌တို့လောင်ကျွမ်းသွားသကဲ့သို့ပင်။ တရွရွခံစားမှုနှင့်အတူ မခံမရပ်နိုင်သောယားယံမှုပါကပ်ပါလာသည်။ ဝူရုန် မျက်လုံးများအားတင်းကြပ်စွာမှိတ်လိုက်၍ အတွင်းထဲမှမြင့်တက်လာ‌ သော အပူမီးတို့အား ဖိနိုပ်ရန်ကြိုးပမ်းသော်လည်း အစပျိုးသူသည်ကာ ဝူရုန်၏ ထူးဆန်းနေမှုကိုလုံးဝသတိမပြုမိသည့်အလားပင်။

    ဝူရုန်အားကိုင်ထားသောလက်သည် ပါးပြင်အားထိကိုင်စေ၍ ကြုတ်ထားသောမျက်ခုံးအနည်းငယ်ပြေလျော့လာသည်။ သူ၏အသံမှာအလွန်အမင်းတိုးညှင်းနေကာ အိပ်ပျော်နေသောလူတစ်ယောက်တီးတိုးပြောနေသည်နှင့်တူသည်။

    " အားရုန်  ငါမင်းရဲ့ သွေးတချို့လိုချင်တယ်"

    ဖုချင်းသူ၏ခေါင်းအားစောင်းလိုက်သည့်အခါ သူ၏ဆံနွယ်တို့ရေအေးထဲ ပြန့်ကျဲသွားတော့သည်။ သူသည် ဝူရုန်အား တခြားသူများအား မထူးမခြားနားဆက်ဆံသလို ဘယ်သောအခါမလုပ်ခဲ့ ခုလိုအခြေနေတွင်ပင် သူသည် ဝူရုန်၏ သဘောကိုလိုက်ကာ ညှိနိူင်းသောလေသံနှင့်ပြောနေသေးသည်။ သူ၏လေသံမှာအလွန်တည်ငြိမ်နေပြီး သူနူတ်ခမ်းမှထွက်လာသောလေပူတချို့နှင့် ဝူရုန်အားတင်းကြပ်စွာဆုတ်ကိုင်ထာသောလက်တို့ ကသာလျှင် သူသည် အချိန်အတော်ကြာသည်းခံထားပြီးနောက်ဆုံးတင်းမခံနိုင်တော့သည်ကို ပြသနေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now