Ch.32-Hiss,hiss hiss,hiss hiss?

472 82 2
                                    

|| Unicode ||

    ဝူရုန်အတန်းသို့ပြန်သောအခါ အတန်းကစနေပြီဖြစ်သည်။ သူအတနထဲ ဝင်လိုက်သောအခါ အတန်းထဲမှ ကျောင်းသားအားလုံး တချိန်တည်းမှာပင် ခေါင်းများလှည့်ကာ သူမ အားကြည့်လာကြသည်။ သူတို့၏ထောင့်အနေထားနှင့် မျက်နှာပုံစံမှာ အတိအကျကို တူညီနေသည်။ ဒါက ဖော်ပြမရနိုင်လောက်အောင်ထိတ်လန့်စရာကောင်းလှသည်။

    "မင်းဘယ်မှာရှိနေခဲ့တာလဲ"

    စင်မြင့်ပေါ်မှ ဆရာသည် မျက်နှာမသာမယာနှင့်မေးလေသည် " ဒီနေ့အတန်းက စာမေးပွဲအကြောင်းကိုမသိဘူးလား ? အမြန်ပြန်သွားထိုင်တော့"

    သွေးနံ့အနည်းငယ်ရှိနေကာ စားပွဲပေါ်တွင်စာမေးပွဲစာရွက်တင်ထားသည်။ ကြီးမား၍ ‌အဝါဖျော့ဖျော့စာရွက်ကြီးနှစ်ခုသည် ပျော့ဖက်ကာ လက်ထဲတွင်ကြမ်းတမ်း‌နေပြီး တချို့နေရာတွင်ထူက တခြားဘက်တွင်ပါးနေပြီး စာဖြေစာရွက်နဲ့တူမနေပေ။ ၎င်းမှာကောက်ရိုးစာရွက်ဒါမှမဟုတ် လူသေအတွက်ရှို့ပေးရသောအဝါရောင်စက္ကူနှင့်ပိုတူကာ ယင်းပေါ်တွင်ခပ်နိုပ်ထားသောခေါင်းစဉ်မှာ မှိန်ဖျစွာခပ်နိုပ်ထားသဖြင့် ဖတ်လို့မရလုနီးပါပင်။

    ဝူရုန် စာမေးပွဲစာရွက်ကိုမြှောက်၍ လူပ်ခါလိုက်သည်။ မေးခွန်စာရွက်၏ထောင့်မှာ နေရောင်တွင်အလင်းပြန်နေသည်။ စာရွက်၏ပါးနေသောအပိုင်းမှာဖောက်ထွင်းမြင်နေရပြီး ထူသောအပိုင်းမှာအရိပ်ထင်နေကာ မရှင်းလင်းစွာဖြင့်ပြုံးဖြဲဖြဲမျက်နှာတစ်ခု ခပ်နိုပ်ထားသလိုပင်။ စာရွက်ပေါ်တွင် အပေါက်နှစ်ပေါက်ဖောက်ထားပြီး တစ္ဆေမျက်လုံး၏တည်နေရာ အတိုင်းဖြစ်ပေါ်နေသည်။

    ကြည့်ရသည်မှာ တနည်းတဖုံးမမြင်နိုင်သောထိတ်လန့်စရာကောင်းသည့် တည်ရှိမူတစ်ခုက သူကာ စာရွက်အပေါက်နှစ်ခုမှတဆင့် မသိမသာကြည့်နေသလိုခံစားရစေသည်။

    "ဆရာ စာရွက်ကပေါက်နေတယ်"

    ဝူရုန်လက်ကိုအမူယာမဲ့စွာမြှောက်၍ စိတ်မရှည်သောဆရာနှင့် စာအရွက်အသစ်လဲလိုက်သည်။

    "စာမေးပွဲအချိန်က ကပ်နေပြီ"

    ဆရာသည် သူမကိုစိတ်ပျက်စွာကြည့်ကာ သူမျက်နှာမှာ တဖြည်းဖြည်းဖြူဖျော့လာကာ ဖယောင်ရုပ်ပြုလုပ်ရန် ကျရူံးကာအရည်ပျော်နေသော ဖယောင်းရုပ်လိုပင်။ သူ့နူတ်ခမ်းထောင့်မှာ အပြုံးတဝက်နှင့်တွန့်ကွေးသွားကာ မပြုံးသည့်အချိန်ထက်‌ တောင်ပိုဆိုးသွားသေးသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now