part.1(uni&zawgyi)

29.6K 408 13
                                    

💚အ ကြင်​ နာ လက်​ တစ်​ ကမ်း💚

အပိုင်း<၁>
~~~~~~~~~~~~

"စည်း...ငါဒီမှာ..."

ထမင်းချိုင့်အိတ်​​လေးကိုဆွဲပြီးဝမ်းသာအားရ
လှမ်း​အော်​လိုက်​တဲ့အသံ.....

"ကျစ်​..."

သူတစ်​ချက်​လှမ်းကြည့်လိုက်​ပြီးကျစ်​ခနဲစုပ်​သပ်​
လိုက်​မိသည်​။ဂျူတီကုဒ်​အိတ်​ထဲနားကြပ်​ကို
ထိုးထည့်ပြီးထိုအနားကို​လျောက်​သွားလိုက်​၏...

"နင်​..​ဆေးရုံကိုဘာလာလုပ်​ပြန်​တာလဲ..."

အလိုမကျမှန်းသိသာ​နေတဲ့စည်းရဲ့​မေးခွန်းကို
မျက်​နှာ​ပေါ်ဆင်​မြန်းထားတဲ့အပြုံးမပျက်​ပဲ
ထမင်းချိူင့်အိတ်​​လေးကို​ရှေ့သို့တိုး​ပေးလာတဲ့သူမ...

"ငါနင့်အတွက်​ထမင်းလာပို့တာ...ဘယ်​လိုလဲ
အချိန်​​နောက်​မကျ​သေးပါဘူး​နော်​..ငါကမမီ​တော့ဘူး
မှတ်​​နေတာ..​တော်​​သေးတာ​ပေါ့..."

စကားကိုတရစပ်​​ပြောရင်းသူမက​ပြောင်​ရှင်း​နေတဲ့
မျက်​နှာ​လေးထက်​နဖူးပြင်​မှာတွဲခို​နေတဲ့​ချွေးစတို့ကို
လက်​ခုံနှင့်ပွတ်​သုတ်​သည်​။

"နင့်အကြိုက်​ဆိတ်​သားနှပ်​နဲ့မြင်းခွာရွက်​သုတ်​
သိလား...ငါ​ရှယ်​ချက်​ထားတယ်​...."

"ငါ​နေ့လည်​စာစားပြီးပြီ...."

"ဟင်​...."

ထမင်းချိုင့်ကိုမျက်​လုံးတစ်​ချက်​​တောင်​​ဝေ့မကြည့်ပဲ
​ပြောလိုက်​တဲ့စကား​ကြောင့်သူမ'ဟင်​'ခနဲ
ဖြစ်​သွား၏....

"နင်​ဘယ်​မှာစားလိုက်​တာလဲ...."

"​ဆေးရုံကန်​တင်းမှာ......"

စည်း​ပြောလိုက်​​ပေမဲ့သူမကထမင်းချိုင့်ကိုင်​ထားတဲ့
လက်​​တွေကိုပြန်​မရုပ်​ပဲအားယူပြုံးပြသည်​။

"ငါကနင်​အလုပ်​​တွေအရမ်းများ​နေပြီးထမင်းစား
ချိန်​​တောင်​​မေ့​နေမှာစိုးလို့တကူးတကလာပို့ရတာ..."

"နင့်ကိုဘယ်​သူကခိုင်းလို့လဲ...."

"ငါကနင့်ကိုစိုးရိမ်​လို့​လေ......."

💛 အကြင်နာလက်တစ်ကမ်း 💛 [ Completed ]Where stories live. Discover now