part.10(uni& zawgyi)

10.1K 266 0
                                    

💚 အ ကြင်​ နာ လက်​ တစ်​ ကမ်း 💚

အပိုင်း(၁၀)
~~~~~~~~~

အချစ်​မ​နေ့ကတညလုံးအိပ်​မ​ပျော်​နိုင်​ပဲ
သမီး​လေးရဲ့​ဘေးမှာလက်​​သေး​သေး​လေးကို
ဆုပ်​ကိုင်​ထားရင်းအ​တွေး​များစွာနှင့်မိုးလင်းခဲ့ရ၏....

၆နာရီထိုး​လောက်​ကျ​တော့သမီး​လေး
အိပ်​ယာကနိုးလာတာမို့​ဆေးရုံခန်းထဲမှာ
သီးသန့်ပါရှိပြီးသားဖြစ်​တဲ့​ရေချိုးခန်းနဲ့သန့်စင်​ခန်း
တွဲထား​ပေး​သောအခန်းကျဉ်း​လေးထဲသမီး​လေးကို
မျက်​နှာသစ်​ကိုယ်​လက်​သန့်စင်​​ပေးပြီး
မနက်​စာစားဖို့ပြင်​​ပေး​နေမိသည်​။

သုံးမိနစ်​အိုးနဲ့တည်​ထားတဲ့​ရေ​နွေးနဲ့သမီး​လေးအတွက်​
အိုဗာတင်း​ဖျော်​​ပေးပြီးကိတ်​မုန့်​လေးနဲ့
​ကျွေးလိုက်​သည်​။

အ​မေ​ကျွေးတာဆိုဟိုဟာမစားချင်​ဘူး၊ဒီဟာ
မစားချင်​ဘူးဆိုပြီးဘယ်​​တော့မှဂျီမကျတတ်​တဲ့
​ရွှေဘုံ​လေးကအခုလဲအချစ်​ပြင်​​ပေးထားတဲ့
မနက်​စာကိုကုန်​​အောင်​စားပြီး​သောက်​ရမဲ့
​ဆေး​တွေကိုလဲမငြီးမငြူ​သောက်​​နေသည်​​လေ.....

"မီး​လေး..​မေ​မေ​ရေသွားဖြည့်လိုက်​ဦး​မယ်​
ခဏ​နေခဲ့ဦး​နော်​...."

"ဟုတ်​..​မေ​မေမြန်​မြန်​ပြန်​လာခဲ့​နော်​..."

"အဟင်း..ပြန်​လာခဲ့မှာ​ပေါ့ခဏ​လေးပဲ
ဟုတ်​ပြီလား...."

ချစ်​စဖွယ်​​ခေါင်း​လေးငြိမ့်ပြလာတဲ့သမီး​လေးကို
အချစ်​ပြုံးကြည့်မိရင်းစားပွဲ​ပေါ်က​ရေကရား​ကို
ယူကာ​ဆေးရုံခန်းထဲကခပ်​သွက်​သွက်​​လေး
ထွက်​လာခဲ့​တော့သည်​။

~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿

'No-204´

သူမတို့သားအမိအတွက်​ရည်​ရွယ်​ပြီးဝယ်​လာတဲ့
မနက်​စာမုန့်​တွေလက်​ထဲမှာတ​ပွေ့တပိုက်​နှင့်
​ဆေးရုံခန်း​ရှေ့မှာ​ခြေစုံရပ်​ပြီးအခန်းတံခါးကို
​ခေါက်​ဖို့ရာချီတုံချတုံဖြစ်​​နေရတဲ့စည်း....

"​ဒေါက်​..​ဒေါက်​..."

​နောက်​ဆုံးစိတ်​ကိုပိုင်းဖြတ်​လိုက်​ရင်း
တံခါးကို​ခေါက်​လိုက်​​ပေမဲ့အတန်​ကြာသည်​အထိ
လာဖွင့်​ပေးမဲ့သူမရှိခဲ့....

💛 အကြင်နာလက်တစ်ကမ်း 💛 [ Completed ]Onde histórias criam vida. Descubra agora