part.14(uni&zawgyi)

8.6K 252 0
                                    

         💛အကြင်​နာလက်​တစ်​ကမ်း💛

အပိုင်း(၁၄)
~~~~~~~~

"ဒီ​နေ့​ဆေးရုံကိုဘယ်​သူလာမှာမို့လဲ
အားလုံးကိုကြည့်ရတာမိုးလင်းထဲ
ပြာယာခတ်​​နေကြတာပဲ..."

ICUထဲကအ​ရေးကြီးလူနာ​တွေကို
သွားကြည့်ပြီးစည်းပြန်​ထွက်​လာ​တော့
​ဘေးမှာပါလာတဲ့...သူနာပြုတစ်​​ယောက်​ကို
​မေးလိုက်​သည်​။

"S.Hလုပ်​ငန်းစုရဲ့ဒုဥက္ကဌလာမှာမို့လို့ပါ
​ဒေါက်​တာ..​ဆေးရုံမှာတက်​​ရောက်​ကုသ​နေတဲ့
လူနာ​တွေအတွက်​လိုအပ်​တဲ့ဓာတ်​စာ​တွေနဲ့
အသုံးအ​ဆောင်​ပစ္စည်း​တွေလာလှူမယ်​လို့
ကြားပါတယ်​..."

"S.Hကလား...."

"ဟုတ်​ပါတယ်​..."

"Ring>>>Ring....."

ထိုအချိန်​စည်းရဲ့ဂျူတီကုတ်​အိတ်​ထဲရှိ
ဖုန်းကမြည်​လာတာ​ကြောင့်
စည်းထုတ်​ယူကြည့်လိုက်​​တော့
​ဆေးရုံအုပ်​ကြီးရဲ့ရုံးခန်းဆီကဖြစ်​​နေ၏...

"ဟဲလို......"

"​မောင်​စည်းစနစ်​ဆရာ့ရုံးခန်းကို
ခဏ​လောက်​တက်​လာခဲ့ပါ..."

"ဟုတ်​ကဲ့...ဆရာ..."

စည်း..ဖုန်းချလိုက်​ပြီးလက်​ထဲကဖိုင်​တွဲကို
သူနာပြုဆီလှမ်း​ပေးလိုက်​သည်​။

"​​ကောင်​တာမှာတစ်​ချက်​​လောက်​ထပ်ပေးပါ..."

"ဟုတ်​ကဲ့ပါ..​ဒေါက်​တာ..."

~~~~~~~~~~~~~❤◦.¸¸. ◦✿

စည်း​ဆေးရုံအုပ်​ကြီးရဲ့ရုံးခန်းကို​ရောက်​​တော့
ပါ​မောက္ခဆရာဝန်​ကြီးဦးဘုန်းမြင့်​ဇော်​ပါရှိ​နေတာကို
မြင်​လိုက်​ရ၏...

"​မောင်​စည်းစနစ်​​ရောက်​လာပြီလား...
လာ​လေကွယ်​..."

စည်းထိုအနားကို​လျောက်​သွားရင်း
ဆရာနှစ်​​ယောက်​ရဲ့​ရှေ့မှာခပ်​ရို့ရို့ဝင်​
ထိုင်​လိုက်​သည်​။

"​ဆရာ..ကျွန်​​တော့်ကို​ခေါ်တာဘာကိစ္စများ
ရှိလို့လဲခင်​ဗျ...."

"ဪ...ဆရာတို့​မောင်​စည်းစနစ်​ကို
တိုင်​ပင်​စရာ​လေးရှိ​နေလို့ပါ..ဆရာဘုန်းမြင့်ပဲ
​ပြောလိုက်​မလား..."

💛 အကြင်နာလက်တစ်ကမ်း 💛 [ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ