ဇာတ်သိမ်းပိုင်း(uni&zawgyi)

18.3K 342 10
                                    

💛အကြင်​နာလက်​တစ်​ကမ်း💛

ဇာတ်​သိမ်းပိုင်း
~~~~~~~~~~~

"​ဖေ​ဖေ..."

"ဗျာ..."

"​မေ​မေ..."

"ရှင့်...."

"​ဖေ​ဖေနဲ့​မေ​မေ..မီးကိုအရမ်းချစ်​လားဟင်​..."

သူ့အတွက်​ပြင်​​ပေးထားတဲ့အိပ်​ခန်းအသစ်​​လေးထဲက
ချစ်​စရာအိပ်​ယာ​လေးထက်​မှာ..အ​မေနဲ့အ​ဖေရဲ့
အလယ်​မှာလှဲ​နေရင်း​မေးခွန်းထုတ်​လာတဲ့
​ရွှေဘုံ​လေး...

"ချစ်​တာ​ပေါ့..​ဖေ​ဖေ​ရော​မေ​မေ​ရောကသမီး​လေးကို
အရမ်းချစ်​တာ..."

"​မေ​မေ​ရောလား..."

"အင်း..​မေ​မေ​ရော​ပေါ့မီး​လေးရဲ့...."

လက်​​သေး​သေး​လေး​တွေကိုသူနဲအချစ်​
တစ်​ဖက်​ဆီဆုပ်​ကိုင်​ရင်းသမီး​လေးကို
ဖွဖွ​ပွေ့ဖက်​လိုက်​​တော့....​ရွှေဘုံ​လေးက
အားရ​ကျေနပ်​စွာပြုံးသည်​။

သမီး​လေးရဲ့ပုံစံ​လေးကအ​ဖေ​ရောအ​မေ​ရော
သူ့အနားမှာစုံစုံလင်​လင်​နဲ့ဂရုတစိုက်​ရှိ​နေတာကို
အရမ်းသ​ဘောကျ​နေတဲ့ပုံ​လေးနဲ့ဖြစ်​၏....

အင်း​လေ..​မွေးကထဲ​နေအ​ဖေ​ခေါ်စရာမရှိခဲ့ပဲ
မိမစုံဖမစုံနဲ့ကြီးပြင်းလာခဲ့ရတဲ့က​လေးမဟုတ်​လား
သမီး​လေးအတွက်​အခုအ​ခြေအ​နေက
​ပျော်​ရွှင်​စရာအ​ကောင်းဆုံးဖြစ်​​နေမှာ​ပေါ့....?

"​မေ​မေနဲ့​ဖေ​ဖေသိလား...မီးဒီ​နေ့အရမ်း​ပျော်​တာ​ပဲ
​ဖေ​ဖေနဲ့​မေ​မေ​ရောမီး​ရောကအင်္ကျီလှလှ​လေး​တွေနဲ့
ဓာတ်​ပုံ​တွေအများကြီးရိုက်​ရတာ​လေ...."

တရားရုံးမှာလက်​မှတ်​ထိုးပြီးဘုန်းကြီး​ကျောင်းမှာ
ဆွမ်းကပ်​၊မိဘမဲ့​ကျောင်းနဲ့မျက်​မမြင်​​ကျောင်း​တွေမှာ
သွား​ရောက်​လှူဒါန်းကြ​တော့အမှတ်​တရဓာတ်​ပုံ
​တွေအများကြီးရိုက်​ခဲ့တာကိုလဲခုထိ​ပြောမဆုံး
ဖြစ်​​နေတဲ့သမီး​လေး...

"​မေ့...မီးရယ်​​ဖေ​ဖေနဲ့​မေ​မေရယ်​နဲ့ဓာတ်​ပုံကို
မိုးညတို့အိမ်​ကလိုပိုစတာအကြီးကြီးထုတ်​​ပေး​နော်​..."

💛 အကြင်နာလက်တစ်ကမ်း 💛 [ Completed ]Où les histoires vivent. Découvrez maintenant