part.5(uni&zawgyi)

9.3K 263 1
                                    

💚 အ ကြင်​ နာ လက်​ တစ်​ ကမ်း 💚

    အပိုင်း(၅)
~~~~~~~~~~

"လာကြပါဦးအရပ်​ကတို့​ရေ..ဒီမှာကျွန်​မ​ယောကျာင်္း
အရည်​​တွေမူးပြီးကျွန်​မကိုနှိပ်​စက်​​နေပါတယ်​​​တော့.."

ရန်​ကုန်​မြို့တစ်​​နေရာဆင်​​ခြေဖုံးရပ်​ကွက်​တစ်​ခုရှိ
ယိုင်​နဲ့နဲ့ပျဉ်​​ထောင်​အိမ်​​လေးတစ်​လုံးဆီက
ထွက်​​ပေါ်လာ​သောအသံ....

ထို့​နောက်​ခဏချင်းပင်​ဆဲဆိုသံ၊ကြိမ်း​မောင်းသံ
ရိုက်​သံ၊နှက်​သံ​တွေကဝန်းကျင်​တစ်​ခုလုံးကို
ပျံ့လွင့်လာ​ပေမဲ့အနီးအနားရှိအိမ်​​တွေက​​ရော
ဖြတ်​သွားဖြတ်​လာလူ​တွေကပါအ​ရေးတယူ
ရှိမ​နေကြတာက...သူတို့အတွက်​​တော့ထိုအသံ​တွေက
ကြား​နေကြမို့ရိုး​နေ၍ဖြစ်​၏....

ဘာမှမကြာလိုက်​အိမ်​ထဲက​နေပုဆိုးမနိုင်​၊ပုဝါမနိုင်ဖြင့်
ယိုင်​တိုင်​တိုင်​ထွက်​လာ​သောအသက်​၄၀ခန့်ရှိ
လူကြီးတစ်​ဦး....

"မသာမ....​နောက်​တစ်​ခါငါအရက်​ဖိုး​တောင်းရင်​
တစ်​ခါထဲထုတ်​​ပေး...မဟုတ်​ရင်​ဒ်ီ့ထက်​နာမယ်​မှတ်​
​အေ့...ထွီ....မင်းတို့က​ရောဘာကြည့်တာလဲ
​ေ-ွးမသား​တွေ...ဖယ်​ကြစမ်း...."

အိမ်​​ရှေ့နားမှာဖန်​ဒိုးပစ်​တိုင်း​ဆော့ကစား​နေကြတဲ့
က​လေး​တွေကိုပါပါတ်​ရမ်းပြီး..ပါးစပ်​ကလဲ
အယုတ္တ၊အနတ္တမျိုးစုံဆဲ​ရေးတိုင်းထွာကာ
ပုဆိုးကိုစွန်​​တောင်​ဆွဲလျက်​...ယိုင်​တိုင်​တိုင်​
လှမ်းထွက်​သွားတဲ့ထိုလူမြင်​ကွင်းက​နေ​တော်​​တော်​
​ဝေး​ဝေး​ရောက်​သည်​အထိစည်း...ကားထဲက​နေ
ကြည့်​နေခဲ့ပြီးမှ...ကားကိုထိုအိမ်​​ရှေ့ထိ​ရောက်​​အောင်​
ဆက်​​မောင်းလာခဲ့၏....

"ကျွီ..."

စည်းအိမ်​​ရှေ့တည့်တည့်မှာကားကိုရပ်​ပြီး
ကား​ပေါ်က​နေဆင်းလိုက်​​တော့အနီးအနားမှာ
ရှိ​နေတဲ့က​လေး​တွေရှဲကုန်​ကြသည်​။

စည်းထိုက​လေး​တွေကိုတစ်​ချက်​မျှ​ဝေ့ကြည့်ပြီး
ခြံထဲကိုတန်းဝင်​လာခဲ့သည်​။

"ကာလနာ၊​မြွေ​ပွေးကိုက်​..တ​နေ့​နေ့အဲ့ဒီ့အရည်​​တွေ
မြိုစို့ပြီးငါ့ကိုဒုက္ခ​ပေးလို့မဆုံးပါလား​နော်​...
ဒင်း..အပင်းဆို့ပြီးမြန်​မြန်​​သေမှ​အေးမှာပါ..
အီး...ဟီး..."

💛 အကြင်နာလက်တစ်ကမ်း 💛 [ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ