part.9(uni&zawgyi)

10K 270 3
                                    

💚 အ ကြင်​ နာ လက်​ တစ်​ ကမ်း 💚

အပိုင်း(၉)
~~~~~~~~

"သူက​တော့ဆရာတို့​ဆေးရုံကြီးရဲ့
ခွဲစိပ်​ပါရဂူ​တစ်​ယောက်​ဖြစ်​တဲ့ဒေါက်​တာစည်းစနစ်​ပါ
​မောင်​စည်းစနစ်​ ဒီမိန်းက​လေးက....
​ရွှေဘုံဗိမ္မာန်​​လေးရဲ့လူနာရှင်​ပဲ...."

လွန်​ခဲ့တဲ့နာရီပိုင်း​လေးအတွင်းကအ​ခြေအ​နေနှင့်
ခြားနားစွာ​ဆေးရုံအုပ်​ကြီးရုံးခန်းထဲ
မျက်​နှာချင်းဆိုင်​အ​နေအထားနှင့်ရှိ​နေခဲ့ကြတဲ့
စည်းနဲ့သူမ....

ဘယ်​အခါမဆိုရင်​ထဲကခံစားချက်​​တွေကို
မျက်​နှာ​ပေါ်အရိပ်​ထင်​​နေတဲ့အထိသတိလက်​လွတ်​
မဖြစ်​ခဲ့ဖူးတဲ့စည်းရဲ့မျက်​နှာကမြင်​​နေကြအတိုင်း
တည်​ငြိမ်​​နေခဲ့​ပေမဲ့ရီ​ဝေ​နေတဲ့မျက်​ဝန်းအစုံက​တော့
​မျှော်​လင့်ချက်​မဲ့​နေတဲ့လူတစ်​​ယောက်​လိုပါပဲ...

သို့​ပေမဲ့​​ဆန့်ကျင်​ဘက်​သူမရဲ့မျက်​ဝန်း​တွေက
စည်းကိုတစ်​ခါမှမသိဖူး၊မမြင်​ဖူးခဲ့တဲ့
သူတစ်​​ယောက်​လိုမျိုးစိမ်းသက်​​နေခဲ့၏....

"​​ရွှေဘုံဗိမ္မာန်​​လေး​ဆေးရုံစတက်​တဲ့​နေ့က​နေစပြီး
​အော်​ပ​ရေးရှင်းလုပ်​မဲ့အချိန်​ထိ....
​မောင်​စည်းစနစ်​ကတာဝန်​ခံဆရာဝန်​အဖြစ်​
တာဝန်​ယူ​ပေးမှာပါ.....သမီး..."

"ဟုတ်​ကဲ့...​ကျေးဇူးတင်​ပါတယ်​​ဒေါက်​တာ....."

​ခေါင်း​လေးညွတ်​ကာတ​လေးတစား
​ပြောလာတဲ့ပုံကိုကြည့်ပြီးရင်​ထဲကဆစ်​ခနဲ
နာကျင်​သွားခဲ့ရ၏...

​ရှေ့ဆက်​ပြီးဆရာဝန်​ကြီးက​​ရွှေဘုံဗိမ္မာန်​​လေးရဲ့
​ရောဂါအ​ခြေအ​နေအ​ကြောင်းသူမကို
နားလည်​လွယ်​​​အောင်​အ​သေးစိတ်​ရှင်းပြ
​နေတာ​တွေကိုလဲစည်းနားထဲမှာကြားတစ်​ချက်​
မကြားတစ်​ချက်​နှင့်ဘာမှလဲဝင်​မ​ပြောနိုင်​ခဲ့ပဲ....

အာရုံထဲတဝဲလည်​လည်​ဖြစ်​​နေတာက
လွန်​ခဲ့​သောအချိန်​အနည်းကသူမ​ပြောခဲ့တဲ့
စကား​တွေသာဖြစ်​​တော့၏....

"နင်​လဲအခုလက်​ရှိဘဝမှာအသားကျ​နေပြီပဲ
နင်​လိုချင်​တဲ့အ​ခြေအ​နေ၊နင်​လိုချင်​တဲ့အဆင့်အတန်း
နင်​လိုချင်​တဲ့ဘွဲ့ထူးဂုဏ်​ထူး​တွေနင့်မှာအားလုံး
ရှိ​နေပြီ​လေ....​ကျေးဇူးပြုပြီးနင့်ဘဝထဲမှာ
နင်​​ပျော်​​အောင်​​နေ​ပေးပါ ငါခံစားခဲ့ရသလို
နာကျင်​မူ့​တွေငါ့သမီး​လေးကိုထပ်​ပြီးမ​ပေးချင်​ပါနဲ့
ငါ​တောင်းပန်​ပါတယ်​.....စည်းရယ်​
ငါ​တောင်းပန်​ပါတယ်​....."

💛 အကြင်နာလက်တစ်ကမ်း 💛 [ Completed ]حيث تعيش القصص. اكتشف الآن