part.26(uni&zawgyi)

10.1K 240 0
                                    

💛အကြင်​နာလက်​တစ်​ကမ်း💛

အပိုင်း(၂၆)
~~~~~~~~~

"ဒီတစ်​ပါတ်​တနင်္ဂ​နွေ​နေ့ကျရင်​ငါတို့
သမီး​လေးကိုကစားကွင်းလိုက်​ပို့ကြမလား...."

နူတ်​ဆက်​ပါတီကအပြန်​လမ်းမှာ..
စည်းကား​မောင်း​နေရင်းက...သမီး​လေးကို
​ပေါင်​​ပေါ်တင်​ပြီးပိုက်​ထားတဲ့သူမကိုငဲ့ကြည့်ကာ
​ပြောလိုက်​သည်​။

သမီး​လေးက​တော့..သူမချီပိုက်​ထားတဲ့အတိုင်း​လေး
အိပ်​​ပျော်​​နေရှာ၏....

"နင်​ကအားလို့လား...."

"အားတာ​ပေါ့..ဒီတနင်္ဂ​နွေကငါ့နားရက်​ပဲကို..."

"အဟင်း..."

"ဘာလို့ရယ်​တာလဲ...."

"ဒီအတိုင်း..အရင်​တုန်းကအ​ကြောင်း​တွေကို
ပြန်​စဉ်းစားမိပြီးသ​ဘောကျလို့ပါ.....
ဟိုအရင်​ကဆိုတနင်္ဂ​နွေလိုနားရက်​မျိုးဆို​တောင်​
နင်​ကအမြဲတမ်း​ဆေးရုံမှာပဲရှိ​နေတာ​လေ...
တစ်​ခါတစ်​​လေ​လေးတနင်္ဂ​နွေနားရက်​ကို
ပြည့်ပြည့်ဝဝနားပါလားလို့ငါ​ပြောရင်​....
လူနာ​တွေကတနင်္ဂ​နွေ​နေ့မျိုး​နေမ​ကောင်းမဖြစ်​တာ
မရှိဘူးဆိုပြီး....နင်​​ပြန်​​ပြောခဲ့တာ​လေ...."

စည်း..သူမစကားကိုဆုံး​အောင်​နား​ထောင်​ရင်း
ခပ်​သဲ့သဲ့ရယ်​လိုက်​မိသည်​။

"အရင်​တုန်းက..နင်​ငါ့ကို​တော်​​တော်​သည်းခံခဲ့ရတာပဲ..."

"​သေချာတာ​ပေါ့..နင်​ကအခုမှသိလို့ပါ...."

အတိတ်​ကအ​ကြောင်း​တွေကိုပြန်​​ပြော​နေတာ​ပေမဲ့
သူမမျက်​ဝန်း​တွေကနာကျည်းခြင်းအရိပ်​အ​ယောင်​​တွေ
အလျဉ်းမရှိ​တော့ပဲကြည်​စင်​​နေခဲ့၏...

စည်း...သူမရဲ့လက်​ဖျား​လေးတစ်​ဖက်​ကို
ဆုပ်​ကိုင်​လိုက်​သည်​​။

"ငါအခု..နင်​နဲ့သမီး​လေးကိုအချိန်​​တွေအများကြီး
​ပေးချင်​တယ်​..."

"နင့်ရဲ့လူနာ​တွေထက်​ပိုပြီး​တော့လား...."

သွားတန်း​လေး​တွေ​ပေါ်​အောင်​သူမရယ်​ပြီး​မေးလာ​တော့
စည်းကိုယ်​တိုင်​လဲလိုက်​ရယ်​မိ၏....

💛 အကြင်နာလက်တစ်ကမ်း 💛 [ Completed ]Tempat cerita menjadi hidup. Temukan sekarang