part.18(uni&zawgyi)

8.7K 240 0
                                    

      💛အကြင်​နာလက်​တစ်​ကမ်း💛

အပိုင်း(၁၈)
~~~~~~~

"အရမ်း​ကြောက်​​နေလား...မီး​လေး..."

"ဟင့်အင်း...မီးမ​ကြောက်​ပါဘူး​မေ​မေရဲ့
ဦးဦး​ဒေါက်​တာကမီးကို​နေ​ကောင်း​အောင်​
​ဆေးကု​ပေးမှာပဲကို..မီးမ​ကြောက်​ပါဘူး...."

မကြာခင်​မှာခွဲစိတ်​ခန်းဝင်​ရ​တော့မဲ့
သမီး​လေးရဲ့လက်​​သေး​သေး​လေးကို
ဆုပ်​ကိုင်​ထားရင်း...အချစ်​ပို​ကြောက်​​နေမိတာကို
ဝန်​ခံပါသည်​။

သမီး​လေးက​တော့သူ့ရဲ့လက်​​လေးနဲ့
အချစ်​ရဲ့လက်​ကိုပြန်​လည်​ဆုပ်​ကိုင်​ထားရင်း
ပါးစုံ​လေး​တွေ​ဖောင်း​နေ​အောင်​ပြုံးပြ​နေရှာသည်​။

၄နာရီထိုးဖို့မိနစ်​အနည်းငယ်​မျှသာ
လို​တော့တဲ့အချိန်​မှာပဲ...ခွဲစိတ်​ခန်းဝင်​တဲ့
ဝတ်​စုံပြည့်နှင့်...အချစ်​နဲ့သမီး​လေးရှိ​နေတဲ့
​ဆေးရုံခန်း​လေးထဲကိုဝင်​လာတဲ့စည်း...

"အဆင်​သင့်ဖြစ်​ပြီမဟုတ်​လား...
က​လေးကိုခွဲစိတ်​ခန်းထဲ​ရွေ့ရ​အောင်​..."

​ပြောရင်း..သူကသမီး​လေးကို​ဆေးရုံကုတင်​​ပေါ်က​နေ
ကိုယ်​တိုင်​​ပွေ့ယူပြီး...​ဆေးရုံဝန်​ထမ်း​တွေ
တွန်းယူလာတဲ့တွန်းလှည်းကုတင်​​လေး​ပေါ်
​ပြောင်းတင်သည်​။

"ငါ..​အော်​ပ​ရေးရှင်းခန်း​ရှေ့ထိလိုက်​.လိုက်​လို့ရတယ်​
မဟုတ်​လားဟင်​..."

အချစ်ရဲ့ကတုန်​ကရီအ​မေးကိုသူက
​ခေါင်းငြိမ့်ပြ၏...

ထို့​နောက်​..တွန်းလှည်းကုတင်​​လေးရဲ့
တစ်​ဖက်​တစ်​ချက်​ဆီက​နေသူနဲ့အချစ်​
သမီး​လေးရဲ့လက်​​လေးကိုဆုပ်​ကိုင်​ပါလာခဲ့ကြရင်း...
မှန်​တံခါး​တွေအထပ်​ထပ်​ကာရံထားတဲ့
ခွဲစိတ်​ခန်းရဲ့အ​ရှေ့ကိုအ​ရောက်​သူက
အချစ်​ကိုငဲ့ကြည့်​ခေါင်းယမ်းပြကာ...သမီး​လေးနဲ့
အတူအထဲကိုဝင်​သွားခဲ့​လေ​တော့သည်​။

​လျှောခနဲအထပ်​ထပ်​​စေ့ပိတ်​သွားတဲ့
မှန်​တံခါးချပ်​​တွေနှင့်...အခန်း​ရှေ့က
Operation Roomဆိုတဲ့နဖူးစည်း
စာတန်းအနီ​ရောင်​​ပြောင်းသွားခဲ့ချိန်​....
အချစ်​​ခြေမခိုင်​​နိုင်​​တော့သလို..ခွဲစိတ်​ခန်း​ရှေ့က
ခုံတန်း​လေးမှာအရုပ်​ကြိုးပြတ်​ထိုင်​ကျသွားခဲ့ရ
​လေ​တော့သည်​။

💛 အကြင်နာလက်တစ်ကမ်း 💛 [ Completed ]Where stories live. Discover now