part.22(uni&zawgyi)

8.9K 248 0
                                    

    💛 အကြင်​နာလက်​တစ်​ကမ်း 💛

အပိုင်း(၂၂)
~~~~~~~~~

"ငါပြန်​​တော့မယ်​...."

"အင်း..နင်​ကားကိုဂရုစိုက်​​မောင်း​နော်​စည်း..."

စိတ်​ပူသလိုအရိပ်​အ​ငွေ့​လေး​တွေပါ​နေသည့်
သူမရဲ့စကား​ကြောင့်စည်းပြုံး၍
​ခေါင်းငြိမ့်လိုက်​ရင်း...သူမနဲ့အတူခြံပြင်​​ရှေ့ထိ
ထွက်​လာခဲ့သည်​။

"သမီး​လေးကိုအိပ်​ခါနီး...​သွေး​ပေါင်​တိုင်းဖို့နဲ့
​အောက်​စီဂျင်​တိုင်း​ပေးဖို့လဲမ​မေ့နဲ့ဦး..."

"ငါမ​မေ့ပါဘူး..."

"ပြီးရင်​ငါ့ဆီအ​ခြေအ​နေဖုန်းဆက်လိုက်​​နော်​...."

"အင်း..."

မဆုံးနိုင်​တဲ့မှာတမ်း​တွေကို​ခြွေ​နေသည့်သူ့ကို
ကြည့်ရင်းအချစ်​ရိပ်​ခနဲပြုံးလိုက်​မိသည်​။

ပြန်​​တော့မယ်​ဆိုတဲ့သူက​တော့ခုထိကားတံခါးကိုလဲ
လက်​မလှမ်းပဲ...​အချစ်​ကိုကြည့်ပြီး​နောက်​ထပ်​
စကားစရှာ​နေပုံပါ....

ထိုအချစ်​...အချစ်နဲ့သူ့နားကိုထိုးရပ်​လာတဲ့
ကိုထူးမြတ်​ရဲ့ကား....

"​ရွှေဘုံ​လေး​ဆေးရုံကဆင်းလာပြီလား...ညီမ..."

"ကိုထူးမြတ်​..."

အချစ်​ကိုလှမ်း​မေးရင်းကိုထူးမြတ်​က,ကား​ပေါ်မှ
ဆင်းလာတဲ့အခါ..အချစ်​​ဘေးမှာရှိ​နေတဲ့သူ့ရဲ့
မျက်​နှာကချက်​ချင်းပင်​အလိုမကျဟန်​နှင့်
မူန်​ကုပ်​ကုပ်​ဖြစ်​သွား၏...

"​ရွှေဘုံ​လေးဒီ​နေ့​ဆေးရုံကဆင်းမယ်​မှန်း
မသိလိုက်​ဘူး...ဒါနဲ့များအစ်​ကို့ဆီဖုန်းဆက်​
လိုက်​​ရော​ပေါ့..အစ်​ကိုလာကြို​ပေးလို့ရတာပဲ..."

"မဟုတ်​တာကိုထူးမြတ်​ရဲ့..ဒီက​ဒေါက်​တာ
အဲ့...စည်းကအချစ်​တို့ကိုပြန်​လိုက်​ပို့​ပေးဖို့
အစထဲကစီစဉ်​ထားလို့ပါ..."

အချစ်​စကား​ကြောင့်ကိုထူးမြတ်​ရဲ့မျက်​ဝန်း​တွေက
မျက်​နှာချင်းဆိုင်​ကသူ့ဆီ​ရောက်​လာလျှင်​
သူကလဲဟန်​​ဆောင်​ပန်​​ဆောင်​ပင်​မပြုံးပြပဲ
ရူတည်​တည်​ပြန်​ကြည့်သည်​။

💛 အကြင်နာလက်တစ်ကမ်း 💛 [ Completed ]Donde viven las historias. Descúbrelo ahora