part.2(uni&zawgyi)

9.3K 268 3
                                    

💚 အ ကြင်​ နာ လက်​ တစ်​ ကမ်း 💚

အပိုင်း(၂)
~~~~~~~

"ငါအင်္ဂလန်​ကိုပညာ​တော်​သင်​သွားရ​တော့မယ်​.."

"ဟင်​..."

"ချလွမ်​..."

ထင်​မှတ်​မထားတဲ့စကားတစ်​ခွန်းမှာ
လက်​ထဲကဇွန်းခက်​ရင်း​တွေပင်​လွတ်​ကျ
ကုန်​ရသည်​အထိအချစ်​သတိလက်​လွတ်​ဖြစ်​သွားခဲ့ရ၏

"နင်​.နင်​ကအင်္ဂလန်​ကိုပညာ​တော်​သင်​
သွား.သွားရ​တော့မယ်​ဟုတ်​လား..စည်း..."

မယုံနိုင်​သလို​မေးလိုက်​တဲ့အချစ်​ရဲ့အသံ​လေးကလဲ
ဝမ်းနည်းစိတ်​တို့ဖြင့်အဖျားခတ်​တုန်​ယင်​​နေခဲ့ရသည်​။

"ငါ့အတွက်​​ဆေးရုံအုပ်​ကြီးကိုယ်​တိုင်​​ထောက်​ခံ
​ပေးခဲ့တာ..နင်​လဲသိတယ်​မဟုတ်​လား
ငါ့လို​ကျော​ထောက်​​နောက်​ခံလဲမရှိ၊
အသိုင်းအဝိုင်းလဲမရှိပဲ..ဆရာဝန်​တစ်​​ယောက်​
ဖြစ်​လာဖို့​တောင်​မနည်းရုန်းကန်​ခဲ့ရတဲ့
လူတစ်​​ယောက်​အတွက်​ခွဲစိပ်​ပါရဂူတစ်​​ယောက်​
ဖြစ်​လာဖို့ဒီပညာ​တော်​သင်​အိပ်​မက်​က
​ရွှေ​ရောင်​အခွင့်အ​ရေးပဲဆိုတာကို​ပေါ့..."

မြင်​​နေကြအတိုင်းတည်​ငြိမ်​ရင့်ကျက်​​နေတဲ့
စည်းရဲ့အသွင်​သဏ္ဍာန်​ကိုအချစ်​​ငေး​မောစွာ
ကြည့်​နေမိရင်းဟန်​မ​ဆောင်​တတ်​တဲ့မျက်​ရည်​​တွေက
မြန်​မြန်​ဆန်​ဆန်​ပဲဝဲတက်​လာခဲ့ရ၏

"ဘယ်​​လောက်​.ဘယ်​​လောက်​ကြာမှာလဲဟင်​.."

"၅နှစ်​..."

"ဟင်​..."

ငါးနှစ်​​၊ငါးနှစ်​တဲ့လား...ဘာလို့များဒီလိုစကားကို
တစ်​ချက်​​လေး​တောင်​မ​တွေ​ဝေပဲနင်​​ပြောထွက်​
နိုင်​ရတာလဲစည်းရယ်​....

စိတ်​ထဲက​နေနာကျင်​စွာဆိုလိုက်​မိတဲ့
စကားနဲ့အတူအချစ်​​ပေါင်​​ပေါ်တင်​ထားတဲ့
ဆလင်းဘတ်​အိတ်​​လေးကိုလက်​နှင့်မသိသာသာ
တင်းတင်းဆုပ်​ကိုင်​လိုက်​မိ​၏....

အချစ်​ဘာမှမဖြစ်​သလိုဟန်​​ဆောင်​အားတင်းကာ
​ပေါ့​ပေါ့ပါးပါး​လေးပြုံးပြလိုက်​ရင်း....

💛 အကြင်နာလက်တစ်ကမ်း 💛 [ Completed ]Место, где живут истории. Откройте их для себя