part.3 ( uni&zawgyi)

9.1K 267 4
                                    

💚 အ ကြင်​ နာ လက်​ တစ်​ ကမ်း 💚

အပိုင်း(၃)
~~~~~~

​ဆောင်းအကုန်​​နွေအကူးမို့အ​အေးဓာတ်​
မပြယ်​ချင်​​သေးတဲ့ညချမ်း​လေးက​လေအ​ဝှေ့မှာ
လွင့်ပါလာတဲ့ဆိပ်​ဖလူးပန်းနံ့​လေး​တွေဖြင့်
ကဗျာဆန်​ဆန်​ပရံသင့်လွန်း​နေခဲ့၏....

"စည်း..ငါတို့နှစ်​​ယောက်​ချစ်​သူ
စဖြစ်​တဲ့​နေ့ကိုနင်​မှတ်​မိလား...."

ခြံထဲကသစ်​သားခုံတန်း​လေးမှာနှစ်​​ယောက်​အတူ
ထိုင်​​နေကြရင်းအချစ်​​​မေးခွန်းထုတ်​လိုက်​​တော့
လက်​ထဲမှာ​အချစ်​နဲ့ဆင်​တူ​ကော်​ဖီခွက်​​လေးကို
ကိုင်​ထားတဲ့စည်းကငဲ့ကြည့်လာခဲ့၏....

"အင်း...မှတ်​မိတယ်​..."

တိုတိုရှင်းရှင်း​ဖြေပြီးလက်​ထဲက​ကော်​ဖီကို
စည်းကတစ်​ချက်​​မော့သည်​။

"အဲ့ဒီ့​နေ့ကမိုး​တွေအရမ်းရွာ​နေတာ​လေ...
ငါတို့အစီအစဉ်​မရှိပဲရုပ်​ရှင်​ရုံထဲဝင်​ပြီး
ဘာကားပြလို့ပြမှန်းမသိပဲလက်​မှတ်​ဖြတ်​လိုက်​ကြတာ
လူသတ်​ကားကြီးဖြစ်​​နေလို့အချိန်​မ​စေ့ပဲမကြည့်ရဲလို့
ပြန်​ထွက်​လာခဲ့ကြတာ​...."

စည်းရဲ့မပြည့်စုံတဲ့အ​ဖြေကိုအချစ်​ထပ်​​လောင်းလိုက်​ရင်း
အသံမထွက်​​အောင်​ရယ်​လိုက်​သည်​။

"နင်​က​ဆေး​ကျောင်းတက်​​နေ​ပေမဲ့...
​သွေးထွက်​သံယိုကား​တွေကြမကြည့်ရဲတာ
ငါအရင်​ထဲကသိ​ပေမဲ့အဲ့ဒီ့တုန်းကနင့်ရဲ့ပုံစံက
အရမ်းရယ်​ရတယ်​သိလား...."

အချစ်​သ​ဘောကျသလို​လေး​ပြောရင်း
​ခေါင်း​လေး​မော့ကာမျက်​ဝန်း​တွေဖွဖွပိတ်​လိုက်​သည်​။

"​တွေးကြည့်ရင်​ငါတို့နှစ်​​ယောက်​ရုပ်​ရှင်​
အတူကြည့်​ဖူးတာကအဲ့ဒါပထမဆုံးနဲ့
​နောက်​ဆုံးပဲ​နော်​....ငါတို့ချစ်​သူသက်​တမ်း
တ​လျောက်​လုံး​ရော၊ဒီအိမ်​​လေးထဲမှာနှစ်​​ယောက်​
အတူ​နေခဲ့ကြတဲ့အချိန်​တစ်​​လျောက်​လုံး​ရော
နှစ်​​ယောက်​အတူအပြင်​တစ်​ခါမှမသွားဖူးခဲ့ဘူး...
နင်​က​ကျောင်းတက်​​နေတုန်းကစာအရမ်းကြိုးစားတယ်​
​ဟောက်​ဆင်း​တော့လဲအလုပ်​ကြိုးစားတယ်​
ဆရာဝန်​ဖြစ်​လာ​တော့လဲလူနာ​တွေကိုကယ်​တင်​နိုင်​ဖို့
အရမ်းကြိုးစားတယ်​...ဒီနှစ်​​တွေမှာနင်​အရမ်း
ပင်​ပန်းခဲ့မယ်​ဆိုတာငါသိပါတယ်​...အဲ့ဒါ​ကြောင့်
ငါနင့်ကိုဘယ်​တုန်းကမှဘာတစ်​ခုမှမ​တောင်းဆိုခဲ့
ဖူးဘူး..."

💛 အကြင်နာလက်တစ်ကမ်း 💛 [ Completed ]Donde viven las historias. Descúbrelo ahora