part.16(uni&zawgyi)

7.8K 182 0
                                    

          💛အကြင်​နာလက်​တစ်​ကမ်း💛

အပိုင်း(၁၆)
~~~~~~~

"ကိုစည်းကသူ့ရဲ့ဇနီးကိုပြန်​ရှာ​တွေ့ပြီလား..."

"ဟုတ်​တယ်​..သမီး..​မောင်​စည်းစနစ်​ရဲ့
သမီး​လေးကဒယ်​ဒီတို့​ဆေးရုံမှာ
ကုသမူ့ခံယူ​နေတာ..ဒယ်​ဒီလဲအစတုန်းက
မသိခဲ့ဘူး...ဒီ​နေ့မှ...."

စကားကိုဆုံး​အောင်​မ​ပြောပဲ
​မျက်​နှာလွှဲသက်​ပြင်းချလိုက်​တဲ့ဒယ်​ဒီ့ကိုကြည့်ပြီး
သံစဉ်​...လွန်​ခဲ့တဲ့အချိန်​အနည်းငယ်​က
အဖြစ်​အပျက်​တစ်​ခုကိုပြန်​မြင်​​ယောင်​လိုက်​မိ၏...

ဒီ​နေ့သူမ..​ဆေးရုံအနားကကုန်​တိုက်​တစ်​ခုမှာ
​ကြော်​ငြာရိုက်​ကူး​ရေးလုပ်​ရတာမို့
ရိုက်​ကူး​ရေးပြီး​တော့...အ​ဖေဖြစ်​သူဆီ
ခဏဝင်​လာခဲ့ခြင်းသာ...

သို့​ပေမဲ့မထင်​မှတ်​ပဲဓာတ်​​လှေကား
​စောင့်​နေရင်းမြင်​လိုက်​ရတဲ့မြင်​ကွင်းက
မိန်းက​လေးတစ်​​ယောက်​ကိုတင်းကြပ်​စွာ
​ပွေ့ဖက်​ထားရင်း​ပေါ်လာတဲ့သူ့ရဲ့ပုံရိပ်​...

ထိုမြင်​ကွင်း​ကြောင့်သူမအပါအဝင်​
အနားမှာရှိ​နေတဲ့လူအားလုံးအံ့အားသင့်
သွားခဲ့ရသလို...သူ့ရင်​ခွင်​ထဲကမိန်းက​လေးကလဲ
​ကျောက်​ရုပ်​​တစ်​ရုပ်​လိုဖြစ်​သွားခဲ့တာကို
သူမအ​သေအချာမြင်​လိုက်​ရသည်​။

ဒါ​ပေမဲ့သူက​တော့ဘယ်​သူ့ရဲ့အကြည့်
ဘယ်​သူ့ရဲ့မျက်​ဝန်း​တွေကိုမှဂရုမစိုက်​ပဲ
ဓာတ်​​လှေကားထဲက​ပြေးထွက်​ဖို့ပြင်​​နေသည့်
ထိုမိန်းက​လေးရဲ့လက်​ကိုမလွတ်​တမ်း
ဆုပ်​ကိုင်​ထားပြီးဓာတ်​​လှေကားခလုတ်​ကိုနှိပ်​ကာ
အ​ပေါ်သို့ပြန်​တက်​သွားခဲ့သည်​​လေ...

"ငါတို့ဘာမြင်​လိုက်​ရတာလဲ...
စီနီယာကမိန်းက​လေးတစ်​​ယောက်​နဲ့..."

"အဲ့ဒါသူ့ချစ်​သူလား..​ဒေါက်​တာစည်းစနစ်​မှာ
ချစ်​သူရှိ​နေတာလား..."

ထိုအချိန်​ကဓာတ်​​လှေကားအ​ပေါ်ကို
ပြန်​တက်​သွားခဲ့သည့်တိုင်​..သူမ​ဘေးမှာ
ပျံ့လွင့်လာခဲ့တဲ့တစ်​​ယောက်​တစ်​​ပေါက်​
အသံ​တွေရဲ့အဆုံးသတ်​က...

You've reached the end of published parts.

⏰ Last updated: Mar 17, 2023 ⏰

Add this story to your Library to get notified about new parts!

💛 အကြင်နာလက်တစ်ကမ်း 💛 [ Completed ]Where stories live. Discover now