part.25(uni&zawgyi)

9.4K 235 0
                                    

💛အကြင်​နာလက်​တစ်​ကမ်း💛

အပိုင်း(၂၅)
~~~~~~~~

Ring^^^^Ring

ပုံမှန်​ထက်​ပိုပြီး...များစွာအ​လောတကြီးဖြစ်​​နေတဲ့
စိတ်​နဲ့..ကားကိုလဲဂရုတစိုက်​​မောင်း​နေရင်း...
ဒက်​ရှ်​ဘုတ်​​ပေါ်ကဖုန်းမြည်​သံ​ကြောင့်
လှမ်းယူကြည့်လိုက်​​တော့သူမဆီကမို့...ချက်​ချင်းပဲ
ဖုန်းကိုင်​လိုက်​သည်​။

"အင်း..အချစ်​ငါအခုလာ​နေပြီလမ်းမှာ
ကား​တွေပိတ်​​နေလို့...ခဏ​လေးပဲ​စောင့်​နော်​
ငါ​ရောက်​​တော့မှာပါ....."

တစ်​ဖက်​ကသူမဘာမှ​ပြောမလာရ​သေးခင်​
ကြိုတင်​အယူခံဝင်​လိုက်​တာက...သူမနဲ့သမီး​လေး
စည်းအ​ပေါ်စိတ်​ကွက်​သွားမှာစိုးတဲ့စိတ်​​ကြောင့်သာ...

ဒါ​ပေမဲ့...တစ်​ဖက်​ကသူမရဲ့အသံကတိတ်​ဆိတ်​​နေဆဲ

"ဟဲလို..အချစ်​...."

"​ဖေ​ဖေ...."

"ဟင်​..."

"​ဝေါ..ကျွီ..."

ထင်​မှတ်​မထားပဲကြားလိုက်​ရတဲ့အသံ
​သေး​သေး​လေး​ကြောင့်...ဗရမ်းဗတာရမ်းခါသွားတဲ့ကားက
လမ်း​ဘေးပလက်​​ဖောင်းဘက်​ကပ်​ပြီး
ရပ်​သွားခဲ့သည်​အထိ...

"​ဖေ​ဖေလားဟင်​...."

ဖုန်းကိုင်​ပြီးအကြီးအကျယ်​မှင်​သက်​​နေခဲ့စဉ်​မှာပဲ
ထပ်​ကြားလာရတဲ့သမီး​လေးရဲ့အသံ​လေးက
ငိုချင်​​နေသလိုအက်​ရှရှ​လေးဖြစ်​သည်​။

"​မေ​မေက​ပြောတယ်​..ဦးဦး​ဒေါက်​တာက
မီးရဲ့​ဖေ​ဖေတဲ့...အဲ့ဒါကတစ်​ကယ်​လား..."

"သမီး​လေး..."

"ဦးဦး​ဒေါက်​တာကမီး​ဖေ​ဖေလားဟင်​...."

စည်း..သမီး​လေးရဲ့အ​မေးကိုဘာမှပြန်​မ​ဖြေနိုင်​ခဲ့ပဲ
ရင်​ဝဆီသို့ဆို့တက်​လာ​သောနာကျင်​မူ့​ဝေဒနာနှင့်
မျက်​​တောင်​တစ်​ချက်​ဖိအခတ်​မှာပူ​နွေးတဲ့မျက်​ရည်​စ
တစ်​ချိူ့ကစီးဆင်းလာခဲ့၏...

"​တောင်းပန်​ပါတယ်​သမီး​လေးရယ်​..
​ဖေ​ဖေ​တောင်းပန်​ပါတယ်​....​တစ်​ကယ်​​တောင်းပန်​
ပါတယ်​...."

💛 အကြင်နာလက်တစ်ကမ်း 💛 [ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ