အပိုင်း ၁၀

595 21 0
                                    

"ချစ်သူသိစေ........❤"

အပိုင်း (၁၀)

မနက်ရောက်တော့ ရိပေါ်နိုးလာပြီး သူ့ဘေးကိုကြည့်လိုက်တော့ ရှောင်ကျန့်ရှိမနေတာ​ကြောင့်အလိုမကျစွာ နှုတ်ခမ်းလေးဆူလိုက်မိသည်။ ခေါင်းအုံးဘေးကဖုန်းကိုယူပြီး ဖွင့်​ကြည့်လိုက်စဉ် မနက်9နာရီခွဲနေပြီဖြစ်တာကြောင့် ရိပေါ်လန့်သွားမိသည်။

"ဟင်.....ဒီအချိန်တောင်ရှိသွားပြီလား"

ကျောင်းနောက်ကျနေပြီဖြစ်တာကြောင့် ရိပေါ်အိပ်ယာထဲက ကမန်းကတန်းထပြီး
ကုတင်ပေါ်ကဆင်းလိုက်၏။

"အ့......သေပါပြီ။ ကိုကိုလူဆိုးကြီး"

ဟုတ်ပါတယ်.....ရှောင်ကျန့်ဆိုတဲ့ သူ့ရဲ့ကိုကို
ကလူဆိုးကြီးပါ။ ဖွေးတုတ်တုတ်ခြေသလုံးလေးတွေကိုဒီလောက် မညာမတာရိုက်ထားမှတော့ရိပေါ် လမ်းမလျှောက်နိုင်တော့တာ ဆန်းသလား။ကြမ်းပြင်ပေါ်ကို ခြေထောက် ထောက်လိုက်သည်နှင့်နာကျင်လွန်းတဲ့ ခြေထောက်ကြောင့် ကုတင်ပေါ်ကိုဖင်ထိုင်ရက်လေး ပြန်ပြုတ်ကျလာ၏။ရေချိုးခန်းထဲဝင်ဖို့တောင် လမ်းမလျှောက်နိုင်တော့တာကြောင့် ရိပေါ် စိတ်ညစ်နေမိသည်။ဒီပုံတိုင်းဆို သူကျောင်းသွားဖို့လဲ မဖြစ်နိုင်တော့
ပါ။

"ကိုကိုရေ....အီးဟီး....ကိုကိုလို့....ဟင့်ဟင့်"

ရှောင်ကျန့်ဧည့်ခန်းထဲမှာ သတင်းစာဖတ်နေတုန်းအခန်းထဲကရိပေါ်ရဲ့ အသံကြားတာကြောင့်သတင်းစာကိုစားပွဲပေါ်ကိုတင်လိုက်ပြီး အိမ်ပေါ်ပြေးတက်သွားလေ၏။ အခန်းထဲရောက်တော့ ကုတင်ပေါ်မှာတအိအိနဲ့ငိုနေရှာတဲ့ ကလေးလေး။ သူရိုက်ထားလို့ပုံမှန်ထက်ပိုပြီး ယောင်နေတဲ့ခြေသလုံးလေးကြောင့်ဒီနေ့ကျောင်းမသွားခိုင်းတော့ဘူးလို့်တွေးပြီးမနှိုးဘဲ အိပ်ခိုင်းထားလိုက်၏။ ခုတော့ကလေးငယ်က နိုးနိုးချင်းငိုနေသည်တဲ့လား။

"ကလေး ဘာဖြစ်လို့လဲ။ ဘာလို့ငိုနေရတာလဲ"

"အီးဟီး လမ်းမလျှောက်နိုင်ဘူး။ ခြေသလုံးကြီးကလဲဝတုတ်နေတာဘဲ။ ဆင်ခြေထောက်ကြီးကျနေတာ အီးဟီး အဟင့်ဟင့်......"

"အေးပါ ကလေးရယ်။ ကိုကိုချီမယ်နော်"

သူချီမယ်ဆိုတော့ လက်ကလေးနှစ်ဖက်ဆန့်
ပေးလာတဲ့ရိပေါ်လေး။ ရှောင်ကျန့်လဲ ရိပေါ်
ကိုချီပြီးရေချိုးခန်းထဲခေါ်လာကာ သူကိုယ်တိုင်မျက်နှာသစ်ပေးလိုက်သည်။ မျက်နှာသစ်ပြီးတော့ရိပေါ်ကိုချီကာ မနက်စာစားဖို့ အောက်ကိုဆင်းလာလိုက်တော့ အိမ်အကူတွေဟာလဲ သူတို့နှစ်ယောက်ကိုခိုး
ကြည့်နေကြလေ၏။ သခင်လေးရိုက်လိုက်တာ အကိုလေးမှာလမ်းတောင်မလျှောက်
နိုင်တော့တဲ့အခြေနေထိ ဖြစ်သွားတာလားဆိုတဲ့မျက်လုံးတွေနဲ့ကြည့်နေကြသလို တချို့ကလဲရိပေါ်ကို ဂရုဏာသက်စွာ ကြည့်နေကြလေ၏။ရှောင်ကျန့်လဲ သူတို့်ကိုကြည့်နေတဲ့လူတွေကိုမျက်စောင်းထိုးကြည်လိုက်သည်။ထိုအခါမှဆက်မကြည့်တော့ဘဲ ကိုယ့်အလုပ်ကိုလုပ်နေကြလေ၏။ထမင်းစားခန်းထဲရောက်တော့ ရိပေါ်ကိုခုံပေါ်ထိုင်ခိုင်းလိုက်ပြီး သူလဲရိပေါ်ဘေးကခုံမှာဝင်ထိုင်လိုက်သည်။

ချစ်သူသိစေWhere stories live. Discover now