"ချစ်သူသိစေ.......❤"
အပိုင်း (၉)
မနက်မိုးလင်းတော့ ရိပေါ်ထက်အရင်နိုးနေတဲ့ကိုကို။ ရေချိုး အဝတ်အစားလဲကာ အပြင်သွားဖို့ပြင်နေလေ၏။ ရိပေါ်အိပ်ယာပေါ်မှာ ငုတ်တုတ်လေးထထိုင်ပြီး ကိုကို့ ကိုလိုက်
ကြည့်နေလေ၏။ဒီနေ့ကျောင်းဖွင့်ရက်လဲမဟုတ်ဘဲ ကိုကိုဘယ်များသွားမှာလဲပေါ့။"ကိုကို.....ဘယ်သွားမလို့လဲဟင်"
"ကိုယ်အပြင်သွားစရာရှိတယ်။ နိုးရင်မျက်နှာ
သစ်တော့။ အောက်မှာမနက်စာပြင်ထားတယ်။ရော့.....ဒီဖုန်းထဲကပုံတွေကို သေချာကြည့်ပြီးကိုယ့်အမှားကိုပြန်သုံးသပ်ထား။
ပြီးရင်ဘာအပြစ်တွေလုပ်ထားတယ်ဆိုတာ သေချာစဉ်းစားထား။ ကိုယ်သိပ်မကြာဘူး ပြန်လာခဲ့မယ်""ဗျာ........"
ရှောင်ကျန့်ပြောရင်းနဲ့ ရိပေါ်ကိုဖုန်းလေးကမ်း
ပေးလာတာကြောင့် ရိပေါ်ယူထားလိုက်သည်။ရှောင်ကျန့် ပြောပြီးသည်နှင့် အခန်းထဲကထွက်သွားလေ၏။ ရိပေါ်ကတော့ ဖုန်းလေးကိုဆုပ်ကိုင်ရင်းဖွင့်မကြည့်ရဲဖြစ်နေလေသည်။ ထို့နောက်ဖုန်းကိုခေါင်းအုံးပေါ်တင်လိုက်ပြီး မျက်နှာထသစ်လိုက်သည်။ မျက်နှာသစ်ပြီး အောက်ဆင်းလာကာ
ကိုကိုပြင်ပေးထားတဲ့ မနက်စာကိုစားရင်း သူ့အတွေးကရှောင်ကျန့်ပေးခဲ့တဲ့ ဖုန်းဆီကိုသာ
ရောက်နေလေ၏။ ရိပေါ်အခန်းထဲြပန်လာလိုက်ပြီးခေါင်းအုံးပေါ်ကဖုန်းကိုယူကာပင့်သက်တချက်ချိုက်လိုက်ပြီး ဖုန်းကိုဖွင့်လိုက်၏။ ထိုဖုန်းထဲမှာသူမြင်လိုက်ရတဲ့ပုံတွေကြောင့် ရိပေါ်လက်ကလေးတွေတုန်လာပြီး မျက်ဝန်းနက်နက်လေးတွေကလဲဝိုင်းစက်လို့လာသည်။"ဟင်.....ဒါ....ဒီပုံတွေက....."
ဟုတ်ပါတယ်။ ရိပေါ်မြင်လိုက်ရတဲ့ ပုံတွေဟာ
လီလီရဲ့မွေးနေ့ပွဲမှာ သူနဲ့ဟောက်ရွှမ်းရဲ့ ပုံတွေသာဖြစ်လေ၏။ ဟောက်ရွှမ်း ကသူ့လက်ကိုဆွဲထားတဲ့ပုံတွေ။ သူတို့နှစ်ယောက် တယောက်မျက်နှာတယောက်ကြည့်နေတဲ့ပုံတွေနဲ့ အတူတွဲထိုင်ကာစကားပြောနေတဲ့ ပုံတွေသာဖြစ်လေ၏။ရိပေါ်ထိုဖုန်းကိုဆက်ကိုင်ထားဖို့ သူ့လက်တွေကအားမရှိတော့တာကြောင့် ဖုန်းလေးဟာကြမ်းပြင်ပေါ်သို့လွတ်ကျသွားလေသည်။ သူ့ရဲ့မျက်ဝန်းလေးတွေမှာလဲ မျက်ရည်ဉလေးတွေတွဲခိုလာပြီးပူနွေးနွေးမျက်ရည်စတွေက သူ့ပါးနုနုလေးထက်စီးကျလာခဲ့၏။