"ချစ်သူသိစေ.......❤"
အပိုင်း (၁၁)🔞
"ကလေးလေး.....ကိုယ်အဖိုးကို သွားကြိုလိုက်အုံးမယ်နော်"
"ဟုတ် ကိုကို......."
ရိပေါ်ကိုပြောပြီးသည်နှင့် ရှောင်ကျန့်လေယာဉ်ကွင်းကိုလာလိုက်သည်။ လေဆိပ်ရောက်တော့လေယာဉ်ဆိုက်နေပြီဖြစ်တာကြောင့် အဖိုးကစောင့်နေရလေ၏။ ေရှာင်
ကျန့်လဲ လူကြားထဲမှာအဖိုးကိုလိုက်ရှာေနတုန်း မိန်းခလေးတယောက်ကသူ့ကိုခေါ်လိုက်တဲ့အသံကြားတာကြောင့်ရှောင်ကျန့် အသံလာရာကို ကြည့်လိုက်သည်။"အော်.....ဝမ်ချင်းပါ လိုက်လာတာဘဲ"
အဖိုးနဲ့အတူရပ်နေတဲ့ သူငယ်ချင်းဖြစ်သူ
ဝမ်ချင်းကသူ့ကိုလက်ပြနေတာကြောင့် သူလဲထိုနေရာကိုသွားလိုက်သည်။"အဖိုးကလဲ တယောက်ထဲလာတာမဟုတ်ဘူး။အရှုပ်ထုပ်တွေပါ ခေါ်လာတယ်"
"အယ်.....ယုန်စုတ် နင်ငါ့ကိုဘာပြောတာလဲ"
"ဘာယုန်စုတ်လဲ စပ်စလူးမ"
သူငယ်ချင်းနှစ်ယောက် တယောက်နဲ့တယောက်စနောက်နေတာကိုကြည့်ပြီး
ရှောင်သခင်ကြီးရယ်နေလေသည်။ ရှောင်
ကျန့်လဲ အဖိုးနဲ့ဝမ်ချင်းကိုရှောင်အိမ်တော်ကို ခေါ်လာလိုက်ပြီးရှောင်အိမ်တော်ရောက်တော့ ကျန်းချန်က ရိပေါ်ကိုအဖော်လုပ်ပေးကာ စောင့်ပေးနေလေသည်။"ကိုကို ပြန်လာပြီ......."
ရိပေါ်လဲ အိမ်ရှေ့ကကားသံကြားတာကြောင့်
ကျန်းချန်နဲ့ ဧည့်ခန်းထဲမှာစကားထိုင်ပြောနေရင်းပြေးလာလိုက်သည်။ ကျန်းချန်လဲ အဖိုးကိုကြိုဖို့အတွက် သူပါထလာလိုက်၏။ ကားပေါ်ကအဖိုးနဲ့ရှောင်ကျန့် တင်မက မိန်းခလေးတယောက်ပါဆင်းလာတာကြောင့် ရိပေါ်ဘယ်သူလဲဆိုပြီးကြည့်နေမိသည်။ ကျန်းချန်ကတော့ မတည့်အတူနေသူငယ်ချင်းမ
ဝမ်ချင်းဖြစ်နေတာကြောင့် စိတ်ရှုပ်စွာနှာခေါင်းရှုံ့လိုက်တော့ ဝမ်ချင်းကလဲ
သူ့ကိုမျက်စောင်းထိုးလာသည်။ ရှောင်ကျန့်လဲရိပေါ်ရဲ့လက်ကိုဆွဲကာ ဧည့်ခန်းထဲဝင်လာတော့တခြားသူတွေကလဲ သူတို့နောက်ကနေလိုက်လာကြသည်။