"ချစ်သူသိစေ........❤"
အပိုင်း (၆)
"ရိပေါ်လေး....ကိုယ်ဆေးရုံသွားလိုက်အုံး
မယ်နော်။ အဖိုးကိုခေါ်လာပြီးတာနဲ့ ချက်ချင်း
ပြန်လာခဲ့မယ် ဟုတ်လား "".............."
ရှောင်ကျန့်အပြောကို ရိပေါ်တချက်သာကြည့်
ပြီးမျက်နှာလွှဲသွားလေ၏။ ရှောင်ကျန့်လဲ
သက်ပြင်းချလိုက်ပြီး ဆေးရုံကိုသာလာလိုက်
တော့သည်။ ဆေးရုံရောက်တော့ ဆေးရုံဆင်း
စာအုပ်လုပ်ပြီး အဖိုးကိုပြန်ခေါ်လာလိုက်သည်။"အဖိုး ခဏစောင့်အုံးနော်။ ရိပေါ်လေးကို
သွားခေါ်လိုက်အုံးမယ်""ရတယ်မြေးလေး။ အဖိုးဘဲသူ့ဆီသွားလိုက်
ပါ့မယ်""ဟုတ်ကဲ့......"
ရှောင်ကျန့်လဲ အဖိုးရဲ့လက်မောင်းကိုတဲွဲပေး
ပြီးရိပေါ်ရဲ့အခန်းထဲကို ခေါ်လာလိုက်သည်။
အစထဲက ရိပေါ်နဲ့သူ့အကြောင်းကို ပြောထား
ပြီးသည်မို့ အဖိုးကအားလုံးသိပြီးသားဖြစ်လေ၏။ အခန်းထဲရောက်တော့ အဖိုးက
ရိပေါ်ဘေးမှာတင်ပါးလွှဲဝင်ထိုင်လိုက်ပြီး ရှောင်ကျန့်ကတော့မှန်တင်ခုံရှေ့က ခုံကိုယူပြီးထိုင်လိုက်သည်။"မြေးငယ်လေး....အိမ်ပြန်ချင်နေပြီလား"
အဖိုးရဲ့အမေးကို ရိပေါ်ပါးစပ်ကမဖြေဘဲ
မျက်နှာငယ်လေးနဲ့ ခေါင်းငြိမ့်ပြလာတာကြောင့်ရှောင်သခင်ကြီး သဘောကျစွာပြုံးလိုက်သည်။"ဟက်....တကယ့်ကလေးလေးဘဲ။ မြေးငယ်လေးပြန်ချင်တယ်ဆိုရင် အဖိုးလိုက်ပို့ပေးမယ်နော်"
"ဟုတ်......"
"ဟိုရောက်မှ မြေးလေးတို့မဂ်လာပွဲကို စီစဉ်ကြတာပေါ့ ဟုတ်လား....."
"အဖိုး.....ရိပေါ်ကလေ....ဟို......."
ရိပေါ်ပြောမယ်လုပ်ပြီးမှ ရှောင်ကျန့်ကိုမဝံ့မရဲနဲ့တချက်ကြည့်လိုက်ပြီး ဆက်မပြောတော့ဘဲခေါင်းလေးငုံ့ထားလိုက်သည်။ ရှောင်သခင်ကြီးလဲသဘောပေါက်စွာ ရှောင်ကျန့်ကိုမျက်စာပစ်ပြပြီးအခန်းထဲက ထွက်ခိုင်းလိုက်တော့ရှောင်ကျန့် အလိုမကျစွာ နှာခေါင်းရှုံ့လိုက်ပြီးမထွက်ချင် ထွက်ချင်နဲ့ အခန်းထဲကထွက်လာလိုက်သည်။ ရှောင်ကျန့်အပြင်ရောက်သွားမှ ရှောင်သခင်ကြီးက ရိပေါ်လေးရဲ့ပခုံးလေးကိုဖွဖွလေးကိုင်ကာ မေလိုက်၏။
![](https://img.wattpad.com/cover/337736432-288-k684322.jpg)