" အဆုံးသတ်မလှတဲ့ ပုံပြင်တွေဆိုတာတကယ်ရှိပါတယ်။
အချိန်ကိုက်မဖြစ်တဲ့ နှလုံးသားတစ်စုံကို
ကျွန်တော်တို့ဖမ်းဆုပ်လိုက်မိတဲ့ အခိုက်တန့်တိုင်းမှာ
ဒီပုံပြင်တွေက လက်တွေ့ကမ္ဘာမှာတကယ်ဖြစ်လာတယ်။ "what if you meet the right person,
but at the wrong time ....!?...
သာမန်မြို့ငယ်လေးတစ်မြို့ဆီသို့ဦးတည်၍ ထရက်ကားတစ်စီးကအရှိန်ခပ်ဖြေးဖြေးဖြင့်မောင်းနှင်နေသည်။ဂျူလိုင်လနှောင်းပိုင်း၏မိုးဖွဲတစ်ချို့ကလည်း ကားမှန်ပြတင်းဆီသို့လွှင့်စင်ရိုက်ခတ်နေခဲ့သည်။
မြို့ပြနှင့်ဝေးကွာလာသည့်မြင်ကွင်းပုံရိပ်များက တရိပ်ရိပ်ဖြင့်ငေးမောစရာပြယုဂ်အဖြစ်သို့ပြောင်းလဲလာသည်။ ခပ်စိမ်းစိမ်းလယ်ကွင်းတစ်ချို့ကိုဘောင်ခတ်ထားသည် တောင်တန်းပြာလွင်လွင်တွေက ငြိမ်သက်နေသည့်မက်ထရူး၏မျက်ဝန်းရိပ်ထဲ၌ တရိပ်ရိပ်။
ဆေးအဖြူရောင်သုတ်ခြယ်ထားသည့်နှစ်ထပ်အိမ်လေး တစ်လုံး၏ရှေ့၌ မောင်းနှင်လာသည့်ထရက်ကားတစ်စီးကရပ်တန့်သွားခဲ့သည်။ကားစက်သံရပ်သွားသည်နှင့် အချိန်ကိုက်ကြားလိုက်ရသည့်သက်ပြင်းချသံကြောင့် ဟန်ဘင်းက မက်ထရူးရှိရာဘက်ဆီသို့ တိတ်တိတ်ကလေးငဲ့ကြည့်သည်။
အစိုးရဝန်ထမ်းတစ်ဦးဖြစ်သည့်ဟန်ဘင်း၏အလုပ်ကိစ္စကြောင့်တာဝန်ကျရာနေရာတိုင်းကို ခဏခဏပြောင်းရွေ့ရခြင်းအပေါ် မက်ထရူးကငြီးငွေ့နေခြင်းဖြစ်မည်။ ဒါမှမဟုတ် သူ(ဟန်ဘင်း )ကိုယ်တိုင်ကို မက်ထရူးကငြီးငွေ့နေခြင်းလည်းဖြစ်ပါလိမ့်မည်။
အတွေးစတစ်ချို့နှင့်နစ်မြောနေသည့်ဟန်ဘင်းက သက်ပြင်းတိုးဖွဖွချလိုက်သည့်အချိန်ထိ ခပ်ဖွဲဖွဲကျဆင်းနေသည့်မိုးရေစက်တစ်ချို့လွင့်စင်ထားသည့် ကားပြတင်းမှန်ကိုသာငေးကြည့်နေတဲ့မက်ထရူးကတော့ မလှုပ်မယှက်ဖြင့်ငြိမ်သက်နေဆဲပင်။
" မက်ထရူး ..ရောက်ပြီလေ။ "
" အင်း ! "
တစ်ခွန်းတည်းသောတုန့်ပြန်စကားကိုရေရွတ်ပြီး မက်ထရူးက ကားပေါ်မှဆင်းသွားသည်။ တစ်ချက်တောင်ငဲ့ကြည့်ခြင်းမခံရသည့်ဟန်ဘင်းကတော့ ကျောပြင်သေးသေးလေးကိုသာ ငေးကြည့်ရင်း ခပ်ယဲ့ယဲ့အပြုံးတစ်ခုကိုနှုတ်ခမ်းပါးထက်ဆင်မြန်းခဲ့ပါသည်။ အသားကျပြီး ထုံထိုင်းနေပြီဖြစ်သည့် အေးစက်မူများကြားထဲ ဟန်ဘင်းကနည်းနည်းလေးမှမနာကျင်တတ်တော့ပေ။
YOU ARE READING
𝖱𝗂𝗀𝗁𝗍 𝖯𝖾𝗋𝗌𝗈𝗇 𝖶𝗋𝗈𝗇𝗀 𝖳𝗂𝗆𝖾
FanfictionMay Be We Just Found Forever At The Wrong Time, And Someday , Time Will Pull Us Back Together Again.