Part 4 ( U)

645 96 11
                                    

ရယူပိုင်ဆိုင်ချင်မိတဲ့ချစ်ခြင်းတွေကလည်း စစ်မှန်တဲ့အကြောင်း တစ်ခါတစ်လေတော့ ဖွဲ့နွဲ့ပြဖို့ကျွန်တော်မျှော်လင့်မိတယ်..။
ချစ်မိမှတော့ ပိုင်ဆိုင်ချင်တာပေါ့လေ.. ပန်းကလေးတစ်ပွင့်ကို ငေးကြည့်နေရုံနဲ့တော့ ကျွန်တော့်နှလုံးသားက မလုံလောက်ချင်ခဲ့ပါဘူး။

.......

ဂျူလိုင်နှောင်းပိုင်း၏မိုးဖွဲများသည် နယ်မြို့လေးဆီတွင်အငြိုးတကြီးဖြင့် ခပ်သည်းသည်းရွာသွန်းလို့နေသည်။

ထုံထိုင်းလွန်းသည့်လေထုသည် ပတ်ဝန်းကျင်ကိုအေးစက်စွာလွှမ်းခြုံထားပြီး မိုးရေစက်များနှင့်အပြိုင် ညို့မှိုင်းနေသည့်မျက်ဝန်းရိပ်ပိုင်ရှင်သည် တံစက်မြိတ်မှ အရှိန်တစ်ခုဖြင့်စီးကျနေသည့်ရေစက်များကို ငြိမ်သက်စွာဖြင့်တခုတ်တရငေးမောနေခဲ့သည်။

" ရစ်ခီရှန် "

နစ်မြောနေသည့်အတွေးများထဲမှရုန်းထွက်စေချင်ရုံသာ ရည်ရွယ်ခဲ့သည့် မိန်းမငယ်လေးတစ်ဦး၏ခပ်တိုးတိုးခေါ်သံကြောင့် ရစ်ခီ၏မျက်ဝန်းများက မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့်အသံပိုင်ရှင်ထံသို့ငဲ့ကြည့်လာသည်။

" အခုတလော နင့်ပုံရိပ်တွေပျောက်နေသလိုပဲ။ "

" ဟုတ်လား ! ''

ရှင်းမ်ဆိုယွန်း၏ပူပန်နေသည့်မျက်ဝန်းများကိုငေးကြည့်ရင်း ရစ်ခီ၏ နှုတ်ခမ်းပါးများက ကော့ညွှတ်လာခဲ့သည်။

အေးစက်စက်ကော်ဖီတွေကိုမုန်းသည့်ရစ်ခီရှန်က ice coffeeတစ်ခွက်ကိုတခုတ်တရသောက်၍ ပြုံးရယ်နေပြန်သည့်မြင်ကွင်းမှာ ဆိုယွန်းအတွက်တော့သာမန်ရိုးကျမြင်ကွင်းတစ်ခုမဟုတ်ပေ။

စိတ်အစွဲလန်းကြီးတတ်လွန်းသည့်ရစ်ခီက လိုချင်သည့်အရာတိုင်းကို ပုံစံမျိူးစုံဖြင့်ချဉ်းကပ်၍အရယူတတ်သည်။

ချစ်မိသူအတွက် အကြိုက်အားလုံးနှင့်လည်း လှဲလှယ်ပစ်နိုင်သည့်ကောင်လေးဖြစ်သလို တဖက်လူ၏နှလုံးသားနှင့်မေတ္တာတရားကသာ သူ့အပေါ်သက်ရောက်ခဲ့လျှင် မနှစ်သက်သည့်အရာများအပေါ်တွင်လည်း လုံးလုံးလျားလျားပျော်ဝင်ပေးနိုင်သည့်သူတစ်ယောင်ပင် ။ ထို့ကြောင့် အခုတလောရစ်ခီသဘောကျနေသည့်သူမှာ ice coffeeသောက်တတ်သည့်ကောင်လေးပင်ဖြစ်လိမ့်မည်ဟု ဆိုယွန်းအတွက်တော့ရိုးရှင်းသည့်ခန့်မှန်းမူတစ်ခုကိုခံစားမိနိုင်ခဲ့ပါသည်။

𝖱𝗂𝗀𝗁𝗍 𝖯𝖾𝗋𝗌𝗈𝗇 𝖶𝗋𝗈𝗇𝗀 𝖳𝗂𝗆𝖾Where stories live. Discover now