Part 3 ( U )

849 106 40
                                    

ညနေစောင်းအချိန်ကတည်းကတဖွဲဖွဲရွာသွန်းနေခဲ့သည့်မိုးဖွဲများသည် ညနက်လာသည်နှင့်အမျှခပ်သည်းသည်းရွာသွန်းလာပြီး တိုက်ခတ်နေသည့်လေပြင်းများက ပတ်ဝန်းကျင်ကိုအေးစက်စွာလွှမ်းခြုံထားသည်။

မိုးသည်းနေသည့်ဒီလိုညနက်ချိန်ကြီးကြမှ ဖက်ထုပ်ကြော်စားချင်သည်ဆို၍ ကလေးငယ်တစ်ယောက်လိုပင်တဆာဆာအော်ဟစ်နေလေသည့်မက်သရူးကြောင့် ဟန်ဘင်းမှာအကြပ်ရိုက်ရတော့သည်။

"အသက်ကြီးတဲ့လူတွေကို အိမ်ထောင်ဖက်အဖြစ်ရွေးရတာမကောင်းလိုက်တာဗျာ ၊၊ ဖက်ထုပ်ကြော်လေးစားချင်တယ်ပြောတာကို မျက်နှာကရှုံ့တွနေပုံများ ချစ်တယ်ဆိုတာဘယ်နားယုံရမလဲ။ "

" မချစ်ဘူးလို့တော့မပြောပါနဲ့မက်ချူးရယ် ၊ အပြင်မှာမိုးတွေသည်းနေတာကို အစ်ကိုဘယ်လိုသွားဝယ်ပေးရမလဲကွာ။ "

"အဲ့လောက်ဖြစ်နေရင် မဝယ်ချင်မဝယ်နဲ့တော့ ၊၊
ကျွန်တော်လည်း မစားတော့ဘူး၊ စိတ်ကုန်တယ်အစ်ကို့ကို။"

ခပ်ပါးပါးလေးစကားနာထိုးလာသည့်မက်သရူးက ငိုချတော့မလိုမျက်နှာဖြစ်နေသည့်အမူရာနှင့်ဟန်ဘင်းကို စိမ်းစိမ်းကားကားအကြည့်များရစ်နွယ်နေသည့် မျက်စောင်းဖြင့်တစ်ချက်ကြည့်ပြီးနောက် အကြည့်လွှဲကာကျောခိုင်းပစ်သည်။

" စားချင်ရင် အစ်ကိုသွားဝယ်ပေးပါ့မယ် ၊
နောက်အဲ့လိုမပြောပါနဲ့ကွာ အစ်ကိုချစ်တာကိုသိရက်နဲ့။ "

ညှိနှိုင်းကြည့်၍ပင်ရမလာသည့်မက်သရူးက စားချင်တာစားရမှသာ စိတ်ကျေနပ်မည့်ပုံပင်။ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည့်ဟန်ဘင်းက လိုအပ်သည့်ပစ္စည်းများကိုဝယ်ယူရန်အတွက် လမ်းထိပ်ရှိconvenience storeသို့သွားရန်သာရွေးချယ်ရတော့သည်။ မက်သရူးစားချင်သည့်ဖက်ထုပ်ကြော်လုပ်ကျွေးဖို့ရန်အတွက် သည်းထန်စွာရွာသွန်းနေသည့်မိုးရေစက်များကိုလည်း ဟန်ဘင်းအာရုံမထားတော့ပဲ မိုးကာအကျီကိုဝတ်ရန်ပြင်လိုက်သည်။

" ထီးမဆောင်းဘူးလား ၊ မိုးကာနဲ့သွားမလို့လား။ "

မိုးကာအကျီသာဝတ်၍ အပြင်ထွက်ရန်ပြင်နေသည့်ဟန်ဘင်းကြောင့် မက်သရူးကခပ်မြန်မြန်မေးခွန်းထုတ်လာသည်။

𝖱𝗂𝗀𝗁𝗍 𝖯𝖾𝗋𝗌𝗈𝗇 𝖶𝗋𝗈𝗇𝗀 𝖳𝗂𝗆𝖾Where stories live. Discover now