တရိပ်ရိပ်ဖြင့်ညို့မှိုင်းလာသည့်မိုးသားတိမ်ရိပ်များက လရောင်ကင်းမဲ့နေသည်မိုးကုတ်စက်ဝိုင်းထက်တွင် ဖြတ်သန်း၍ပြေးလွှားလို့နေသည်။
မျက်လွှာများကိုဖိမှိတ်၍ ခပ်ပြင်းပြင်းရှိုက်လိုက်မိသည့်လေညင်းများထဲ၌ မိုးရနံ့တစ်ချို့ ရောယှက်လို့နေသည်။ အေးစိမ့်စိမ့်ညလေအေးတစ်ချိူ့သည် မက်သရူး၏ပါးပြင်မို့မို့ထက်ရှိမွှေးညင်းနုလေးများပေါ်သို့ပင် ယှက်ပြေးကာတိုက်ခတ်သွားကြသည်။
အေးစက်စက်လေညင်းများ၏တိုးဝှေ့ရစ်နွယ်မူကြောင့် မက်သရူး၏နဖူးပြင်ထက်မှဆံနွယ်လေးများက လေညင်းများနှင့်အတူဝဲလွင့်နေသည်။ တိုးဖွလွန်းသည့်ခြေလှမ်းများနှင့်အတူ တိတ်တဆိတ်ချဉ်းကပ်လာသည့် တစ်စုံတစ်ဦး၏မျက်ဝန်းများသည် စက္ကန့်အနည်းငယ်မျှ မှင်သက်စရာကောင်းလွန်းသည့် ဤအလှတရားလေးပေါ်တွင်ပျော်ဝင်၍ အမြတ်တနိုးဖြင့်ငေးကာ မှင်သက်နေရပြန်သည်။
" ဆေးလိပ်သောက်ဦးမလား မက်ချူး "
တိတ်ဆိတ်စပြုနေသည့်ပတ်ဝန်းကျင်ကြောင့် ရစ်ခီ့၏စကားသံသည် မက်ချူး၏နားထဲသို့ရှင်းလင်းစွာတိုးဝင်လာပြီး ဖိမှိတ်လို့ထားသည့် မက်သရူး၏မျက်ဝန်းများကလည်း ရစ်ခီရှိရာဘက်သို့ငဲ့ကြည့်လာခဲ့သည်။
" ရော့လေ ! "
ဆေးလိပ်တစ်လိပ်ကို နှုတ်ခမ်းဖျား၌ညှပ်လိုက်သည့်ရစ်ခီက မက်သရူးရှိရာဘက်သို့ ဆေးလိပ်တစ်လိပ်ကိုကမ်းပေးလာသည်။
" မီးရော !?
ကိုယ် ညှိပေးဖို့လိုသေးလား ။ "မျက်နှာနားသို့နီးကပ်စွာငုံ့ချလာသည့် ရစ်ခီ၏အပြုအမူကြောင့် အယောင်ယောင်အမှားမှားနှင့် မက်သရူးနောက်သို့ပင် ခြေနှစ်လှမ်းမျှ ဆုတ်လိုက်မိသည်။
ရစ်ခီ၏ဝင်သက်ထွက်သက်ခပ်နွေးနွေးသည် မက်သရူးပါးပြင်ပေါ်သို့ရိုက်ခတ်နေပြီး နီးကပ်လွန်းနေသည့်အနေထားတွင် ဖောက်ထွက်မတတ်ငေးကြည့်နေသည့် မျက်ဝန်းများကစူးရှလွန်းနေသည်။
သေသပ်စွာကော့ညွှတ်ထားသည့် ပါးလှပ်လှပ်နှုတ်ခမ်းပါးများက မက်သရူး၏ နှလုံးခုန်သံများကိုပင် စည်းချက်လွဲမှားစေခဲ့သည်။
YOU ARE READING
𝖱𝗂𝗀𝗁𝗍 𝖯𝖾𝗋𝗌𝗈𝗇 𝖶𝗋𝗈𝗇𝗀 𝖳𝗂𝗆𝖾
FanfictionMay Be We Just Found Forever At The Wrong Time, And Someday , Time Will Pull Us Back Together Again.