Part 8 ( U)

685 75 9
                                    

အဆင်ပြေနေခဲ့တယ်လို့ ထင်ခဲ့တဲ့တစ်ချိန်ကမိုးညတွေကိုလွမ်းခဲ့ရုံလေးပါပဲ။
မိုးညတွေထဲမှာရှိနေခဲ့ဖူးတဲ့မင်းကို ပြန်ပြီးတမ်းတနေမိရုံလေးပါမက်သရူး..။
ဒီလိုလွမ်းဆွတ်ခြင်းကတောင် ကိုယ့်ရင်ကိုတဆစ်ဆစ်နဲ့နာကျင်ကိုက်ခဲစေခဲ့ပါတယ်အချစ်ရယ်။

.......

တိုးတိတ်လွန်းလှသည့်လေညင်းလေးများရစ်ဝဲနေပြီး မိုးကုတ်စက်ဝိုင်းထက်မှ ရွှေအိုရောင်နေရောင်ခြည်တစ်ချိူ့ကယှက်ဖြာ၍ကျရောက်နေသည့်နေ့လည်ခင်းချိန်ဖြစ်သည်။

ပြာလွင်လွင်မိုးသားများအောက်၌တိမ်စိုင်ဖြူဖြူတစ်ချို့က စုရုံးနေပြီး နေရောင်ခြည်အောက်၌ဝင့်ကြွားစွာယိမ်းနွဲ့နေကြသည့်နီစွေးစွေး တစ်ပင်တိုင်နှင်းဆီပန်းများ၏ရနံ့များသည် တိုက်ခတ်နေသည့်နေ့လည်ခင်း၏လေညင်းများထဲ၌ပြန့်လွင့်ကာရောယှက်နေခဲ့သည်။

တိုးဝှေ့နေသည့်လေညင်းများကြောင့် လှစ်ဟထားသည့်ပြတင်းတံခါးချပ်များထက်မှလိုက်ကာစများသည် တလွင့်လွင့်ရိုက်ခတ်လို့နေသည်။

ပြတင်းတံခါးအပြင်ဘက်တွင်ဖြစ်တည်နေသော ကြည်လင်လွန်းနေသည့်ရာသီဥတုနှင့်သွေဖယ်၍ ရစ်ခီ့၏စိတ်များကပိတ်လှောင်ကာမွန်းကြပ်နေခဲ့ပါသည်။

ပြတင်းတံခါးနှစ်ချပ်မှလွှဲ၍လှစ်ဟထားခြင်းမရှိသည့်အခန်းကျယ်သည်အလင်းရောင်မလောက်ဌ၍ အနည်းငယ်မှောင်မိုက်နေပြီး ရယ်မောသံများဆိတ်သုဉ်းနေသည့်အိပ်ခန်းထဲတွင် တစ်ချက်ချက်ထွက်ပေါ်လာတတ်သည့် ကျွန်းကုလားထိုင်၏တကျီကျီမြည်သံကသာ အခန်းနံရံများကိုပဲ့တင့်၍ထွက်ပေါ်လာတတ်သည်။

ခပ်ရဲရဲမီးစများစွဲ၍တောက်လောင်နေသည့် စီးကရက်တစ်လိပ်အားရစ်ခီခပ်ပြင်းပြင်းရှိုက်လိုက်ပြီး ပန်းရနံ့တစ်ချိူ့သင်းပျံ့နေသည့်လေထုထဲသို့ စီးကရက်ငွေ့များအား မေးရိုးများထင်းသည်အထိရှိုက်ထုတ်ပစ်လိုက်သည်။

"ဟက်! "

စီးကရက်များခဲတတ်လွန်း၍ညိုနေတတ်သည့်နှုတ်ခမ်းဖျားများသည် ခပ်မြင့်မြင့်ကော့ညွှတ်သွားခဲ့ပြီး ပါးပြင်တစ်လျှောက်အထိန်းကွပ်မဲ့စွာစီးကျလာသည့်မျက်ရည်စများက ရစ်ခီ့၏နှလုံးသားကို ဆူးချွန်တစ်ခုနှင့်ထိုးစိုက်နေသယောင်မွန်းကြပ်လာစေသည်။

𝖱𝗂𝗀𝗁𝗍 𝖯𝖾𝗋𝗌𝗈𝗇 𝖶𝗋𝗈𝗇𝗀 𝖳𝗂𝗆𝖾Where stories live. Discover now