အကယ်၍ အဆုံးစွန်ထိ
ကိုယ်တို့ဝေးသွားရမယ်ဆိုရင်တောင်
အတူရှိခဲ့ဖူးတဲ့အချိန်လေးတွေကိုတော့ ဘယ်တော့မှမေ့မပစ်လိုက်ပါနဲ့ မက်သရူး။..........
အဝတ်ကြိုးတန်းများပေါ်၌ ညီညာစွာဖြန့်ကျက်၍ လှန်းထားသည့် ဖြူလွှလွှအိပ်ယာခင်းစများသည် ခပ်နွေးနွေးတိုက်ခတ်နေသည့်နေ့လည်ခင်း၏ လေညင်းများကြားထဲ၌ လွန့်လူးစွာရိုက်ခတ်နေကြသည်။
ရွှေအိုရောင်နေရောင်ခြည်တစ်ချို့ဖြန့်ကျက်ထားသည့် ကောင်းကင်ရိပ်အောက်တွင် ဝင့်ကြွား၍ ရောင်သွေးစုံကာ ပွင့်လန်းနေကြသည့် ပန်းရောင်စုံ၏ပွင့်ဖတ်ကလေးများကလဲ လှပစွာ ယိမ်းနွဲ့လို့နေခဲ့သည်။
တိတ်ဆိတ်လွန်း၍ လေတိုးသံကိုပင် ပီပီပြင်ပြင်နားစွံ့နိုင်သည့် နယ်မြို့လေးတစ်ခု၏ နေ့လည်ခင်းအချိန်တွင် ခြံဝန်းကျယ်တစ်ခု၏တစ်နေရာ၌ အဝတ်ကြိုးတန်းများကြားတကုပ်ကုပ်နှင့် အလုပ်ရှုပ်နေသည့် ကောင်လေးတစ်ယောက်လည်းရှိသလို ခပ်လှမ်းလှမ်းရှိသစ်ပင်ရိပ်အောက်၌ ပင်စည်ရင်းကို ကျောမှီကာ မျက်ဝန်းများအား ဖိမှိတ်ထားသည့် ကောင်လေးတစ်ယောက်လဲရှိသည်။
အုပ်ဆိုင်းနေသည့် သစ်ပင်ရိပ်အောက်၌ မှီတွယ်နေခဲ့သည့် မက်သရူးသည် ဖိမှိတ်ထားသည့် မျက်လွှာများကို ဖွင့်ဟ၍ ငဲ့ကြည့်မိသည့်အခါ မက်သရူး၏ မျက်ဝန်းပုံရိပ်များထဲသို့ ဟန်ဘင်း၏ အပြုံးရိပ်များက ထင်ဟပ်လာသည်။
တိုးဝှေ့နေသည့်လေညင်းများကြား ရောယှက်နေသည့် သင်းပျံ့ပျံ့ဆပ်ပြာရနံ့လေးများကို ခပ်ပြင်းပြင်းရှူရှိုက်၍ ပြုံးရယ်နေသည့် ဟန်ဘင်း၏ နှုတ်ခမ်းပါးထက်မှ အပြုံးရိပ်တစ်ချိူ့သည် ခပ်နွေးနွေးနေရောင်ခြည်အောက်တွင် အေးချမ်းလွန်းစွာဖြစ်တည်နေခဲ့သည်။
beep... beep...!!
ဆက်တိုက်ဝင်လာသည့် msg notiများနှင့်အတူ တုန်ခါ၍လင်းလာသည့် ဖုန်းscreenကြောင့် အချိန်အတော်အတန်ကြာဟန်ဘင်းရှိရာဘက်သို့ငေးကြည့်နေခဲ့မိသည့်မျက်ဝန်းများကို အကြည့်လွှဲ၍ ဖုန်းရှိရာဘက်သို့ မက်သရူးငဲ့ကြည့်လိုက်သည်။
YOU ARE READING
𝖱𝗂𝗀𝗁𝗍 𝖯𝖾𝗋𝗌𝗈𝗇 𝖶𝗋𝗈𝗇𝗀 𝖳𝗂𝗆𝖾
FanfictionMay Be We Just Found Forever At The Wrong Time, And Someday , Time Will Pull Us Back Together Again.