ညနေခင်းအချိန်၌ လိမ္မော်နီရောင်သွေးနေသည့်တိမ်စိုင်များသည် အဆုံးအစမဲ့လွန်းသည့်မိုးကုတ်စက်ဝိုင်းထက်တွင် သေသပ်စွာဆေးခြယ်ခံရသည့်နှယ်တောက်ပလွန်းနေခဲ့သည်။
အိပ်တန်းပြန်ဌက်များက ဝင်လုဆဲဆဲပုဇွန်ဆီရောင်နေမင်းကြီးနှင့် ညနေခင်းဆည်းဆာချိန်ကိုနှုတ်ဆက်၍ အုပ်စုလိုက်ပျံသန်းသွားကြပြီး ဆူညံစွာဆော့ကစားနေကြသည့် ကလေးငယ်တစ်ချို့၏ ရယ်မောသံများမှာလည်း ရပ်ကွက်တစ်ခု၏လမ်းမများထက်၌ တဖြေးဖြေးတိုးတိတ်လာခဲ့သည်။
လှစ်ဟထားသည့်ပြတင်းတံခါးဝဆီသို့ တိုးဝှေ့၍ဝင်ရောက်လာသည့်လေညင်းများကြောင့် လိုက်ကာစတစ်ချိူ့မှာယိမ်းနွဲ့၍လှုပ်ခတ်လို့နေပြီး တိုးဝှေ့၍ဝင်ရောက်လာသည့်အေးစက်စက်လေညင်းတစ်ချို့သည် မျက်လွှာများကိုဖိမှိတ်၍ ခပ်ဝေးဝေးတနေရာဆီသို့အတွေးစိတ်ကူးများအား ရွက်လွှင့်ထားသည့်ဟန်ဘင်း၏ မျက်နှာပေါ်သို့ ယှက်ကာ ပြေးထွက်သွားကြသည်။
" အစ်ကို! လေစိမ်းတွေတိုက်နေတာအေးတယ်လေဗျာ။
ဘာလို့ပြတင်းပေါက်နားမှာရပ်နေရတာလဲ !?
ခက်တော့တာပဲ။ "နားထဲသို့သဲ့သဲ့တိုးဝင်လာသည့်ဆူသံလေးကြောင့် ခပ်ဝေးဝေးတစ်နေရာဆီသို့ ဦးတည်ရာမဲ့စွာငေးကြည့်နေခဲ့သည့် ဟန်ဘင်း၏မျက်ဝန်းများက မက်သရူးရှိရာဆီသို့ငဲ့ကြည့်လာသည်။
အိပ်ခန်းထဲသို့ဝင်ရောက်လာသည့်မက်သရူးက ပြတင်းတံခါးဝ၌ရပ်နေသည့် ဟန်ဘင်းကိုမြင်သည့်အခါ နီးစပ်ရာခုံတစ်လုံးပေါ်သို့ နွားနို့ခွက်ကိုတင်လိုက်ပြီး ပြာပြာသလဲဖြင့် ဟန်ဘင်း၏အနားသို့အပြေးအလွှားရောက်လာတော့သည်။
သူ့(ဟန်ဘင်း)အပေါ်ဖြစ်တည်နေသည့်ပူပန်ရိပ်လေးများက မျက်ဝန်းအိမ်များထဲ၌ ထင်ဟပ်နေသည့်အပေါ် ဟန်ဘင်း၏နှုတ်ခမ်းဖျားများက မြှင့်တက်၍ သဘောကျနေခဲ့သည်။
" မက်သရူးကို ကိုယ်ကသွားပြီတောင်ထင်နေတာ ။ "
"အင်း အခုက အချိန်ရသေးလို့ ၊
အစ်ကို့အတွက် နွားနို့ကျိုပေးနေတာနဲ့ မသွားဖြစ်သေးတာ။
ကျွန်တော်ခဏနေသွားတော့မှာ။"
YOU ARE READING
𝖱𝗂𝗀𝗁𝗍 𝖯𝖾𝗋𝗌𝗈𝗇 𝖶𝗋𝗈𝗇𝗀 𝖳𝗂𝗆𝖾
FanfictionMay Be We Just Found Forever At The Wrong Time, And Someday , Time Will Pull Us Back Together Again.