2

282 45 4
                                    

ညဘက် 6နာရီကျော်တော့ ဂျီမင် ခြံဝနားမှာ ဟိုလျှောက် ဒီလျှောက်နဲ့ သခင်ကြီးအလာကိုစောင့်နေသည်။ ကားသံကြားရင် တံခါး တန်းဖွင့်နိုင်ရန်ဖြစ်သည်။ အဒေါ်လေး ဂျိုတို့က တမနက်ခင်းလုံးပင်ပန်းထားတာကြောင့် နောက်ဘက် အိမ်ဆောင်တွင် အနားယူနေကြသည်။ ထိုကြောင့် ဒီ ခြံဝင်းကြီးထဲမှာ ဂျီမင် တစ်ယောက်သာရှိသည်။

7နာရီ ကျော်တော့မှ သခင်ကြီး ရောက်လာသည်။ သခင်ကြီးကား အထဲသို့ မောင်းပြီးသည်နှင့် ခြံတံခါးကို သေချာ သော့ခတ်၊ သော့ ကိုလက်မှာကိုင်ထားပြီး မီးဖိုချောင်ထဲပြေးဝင်သွားပြီး သခင်ကြီးအတွက် ရေတစ်ခွက် သွားယူပေးလိုက်သည်။

"သခင်ကြီး အမောဖြေ ရေလေး"
"အေး ခြံတံခါးရော အိမ်တံခါးရော သေချာ သော့ခတ် ပြီးရင် မီးကိုပိတ်သင့်တာပိတ် ဖွင့်သင့်တာဖွင့်ထား ဒီနေ့အတွက် တာဝန်ကျေတယ်"
"ဟုတ်ကဲ့ပါ သခင်ကြီး ကောင်းသောညပါ"

ဂျီမင်ခပ်ထားပေးတဲ့ ရေကို ကုန်အောင်သောက်ပြီး အပေါ်သို့တတ်သွားသည်။

ဂျီမင်လည်း သခင်ကြီး ကျောပြင်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။ မိထွေးနဲ့နေစဉ်အခါက အမြဲတစေ အဆူခံအရိုက်ခံလာရသည် တခါမှ နွေးထွေးမူကိုမခံစားရပေ။ သို့သော် ဒီအိမ်ကြီးကိုရောက်တော့ ဦးလေးဂျို‌တို့ရဲ့ ဂရုစိုက်မူတွေကြောင့် ပျော်ရပြီး အခုသခင်ကြီး၏ တာဝန်ကျေတယ် ဆိုတဲ့စကားလေးကြောင့် သခင်ကြီးအပေါ် ပိုပြီး အလုပ်အ‌ကျွေးပြုသွားဖို့ဆန္ဒတွေရှိလာသည်။

ထယ်ယောင်းသိသည် သူအပေါ်ထပ်တတ်သွားတော့ နောက်ကျောကနေ ဟိုကောင်လေး လှမ်းကြည့်နေမှန်း။ တကယ်တော့ ဒီနေ့အလုပ်စောစောပြီးသည်။ ဒါပေမဲ့ ခြံစောင့် အသစ်ရဲ့ လုပ်ပုံကိုင်ပုံကိုသိချင်တာကြောင့် သပ်သပ်မဲ့ နောက်ကျမှပြန်ခြင်းဖြစ်သည်။ ကောင်လေးသည် သူ မလာမခြင်းစောင့်နေသည် ပြီးတော့ သူအတွက်ရေပါ ခပ်ပေးသေးသည်။ ဒီတခါတော့ ကောင်လေးကို ခြံစောင့်လုပ်ခိုင်းတာ မှန်သည် လို့ တွေးမိသည်။

________________

ဂျီမင်ရဲ့အလုပ်သည် မနက် သခင်ကြီး အလုပ်သွားခါနီး နဲ့ ပြန်လာရင် တံခါးဖွင့်ရန်သာဖြစ်သည်။သို့သော် အိမ်ကြီးထဲတွင် အလုပ်သမားမရှိတာကြောင့် သန့်ရှင်းရေးကို ဒေါ်လေးဂျိုနဲ့အတူ လိုက်လုပ်သည်။ အိမ်တော်ရဲ့ပစ္စည်းတွေက သူနေရာနဲ့သူရှိနေတာကြောင့် သန့်ရှင်းရေးလုပ်ရတာက ထင်သလောက် မခက်ခဲပေ။

အမုန်းရန်မပါ ချစ်ကြိုးလေးနဲ့သွယ်ပါမယ်Where stories live. Discover now