Unicode
ကိုယ်နေရာကိုယ်နေ မစပ်စုနဲ့ ဆိုတဲ့ ပထမဆုံး အိမ်တော်ကိုရောက်တော့ သခင်ကြီး၏စည်းကမ်းကို အရင်က သူနားမလည်ခဲ့ပေ။အခုတော့ ဒီလိုအခြေအနေမျိုးကို ပြောခြင်းဖြစ်မည်။
"ထယ်ယောင်းရာ ရီမနေနဲ့ ငါတကယ်ဒေါသထွက်နေတာကို"
"မင်းက လည်မလိုနဲ့တုံးတာကို"
"နင်ဟာ အကူအညီရမလား မေးကြည့်တာကို ရီဘဲရီနေတယ်"
"နင်အကြံက ရီရတာကို"
"ရီပြီးလည်း ငါကိုကူညီကွာ"
"နိုးပါ အရင်ကကူညီပေးတာတောင် ကျေးဇူးတင်""ဂျီမင်ရယ် ပြောအုန်း နင်တို့သခင်ကြီးက ရုပ်ချောပြီး အကျင့်ကယုတ်တယ်"
"ဗျာ"ဧည့်ခန်းနေရာတွင် လူသုံးယောက်ထိုင်နေသော်လည်း ခုနကအထိ သူမပါဘဲ ပြောနေကြတဲ့နေရာကနေ ရုတ်တရက် သူဆီ အကူအညီတောင်းလာတော့ ဘာပြန်ပြောရမှန်း မသိသေးတဲ့အချိန်မှာ
"တော်စမ်း သူက ဘာမှနားလည်တာမဟုတ်ဘူး"
သခင်ကြီးရယ် သူကိုအကြောင်းအရာနည်းနည်းတောင် မရှင်းပြဘဲ နားလည်မှာ မဟုတ်ဘူး ဆိုတဲ့ စကားနဲ့ သူကို ငတုံးတစ်ယောက်လို နေစေချင်သလားဟင်"ထယ်ယောင်းရာ ငါမှာနင်ဘဲရှိတာကို"
"တော်တော် ငါအလုပ်ကိစ္စတွေရှိသေးတယ် သွားပြီ"
"နင်ဟာ အကျင့်ပုတ် အဲကြောင့်ကောင်မလေးမရှိတာ"
"ဘယ်သူပြောလဲ မရှိဘူးလို့""ဘာ!!! ရှိတာလား"
"မပြောတတ်ဘူး ကိုယ်သွားပြီနော် ဂျီမင်"
"ဟုတ် ဟုတ်ကဲ့ သခင်ကြီး"ယွဲ့ချင်သည် ထွက်သွားသည် ထယ်ယောင်းကိုကြည့်ပြီး အတွေးတခုဝင်လာသည်။ ထိုအတွေးသည် ကောင်းသော အတွေးမဟုတ်။အနည်းငယ်ကောက်ကျစ်မှုပါသည်။
"မမကိုတခုလောက်ကူညီပါလား ဂျီမင်"
"ကျွန်တော်ကလား ဘာလုပ်ပေးရမှာလဲ"
" အဲတာထက် ထယ်ယောင်းကြိုက်နေတဲ့ကောင်မလေးက ဘယ်သူလဲသိလား"
"ဗျာ ကျွန်တော်မသိဘူး"
"သေချာလား သခင်ကြီးက ဂျီမင်အပေါ် ညီတစ်ယောက်လို သဘောထားတယ် ဆိုတော့ မေးကြည့်တာ"
"ဟုတ် ဟုတ်ကဲ့ သခင်ကြီးက အဲအကြောင်းတွေ မပြောပြဖူးဘူး"
"ထားပါလေ ခုနက ကူညီမယ်ဆိုတာ ကူညီမယ်မလား"
"ဟုတ် မမယွဲ့ချင်"
"အင်း" ယွဲ့ချင် ပြုံးလိုက်သည်။
YOU ARE READING
အမုန်းရန်မပါ ချစ်ကြိုးလေးနဲ့သွယ်ပါမယ်
Fanfictionခြံစောင့်လေးဘဲ ခေါ်မိတာပါ ဘာလို့များ ကျုပ်နှလုံးသားထဲအထိ ဝင်ရောက်နေထိုင်နေရတာလဲ။