4

296 38 1
                                    

Unicode

"သခင်ကြီး မဟုတ်မှ ကျွန်တော်ကို ကြိုက်နေတာလားဗျာ"
" ဘာ!!!"

ဂျီမင်သည် ဉာဏ်မကောင်းပေမဲ့ တချို့အရာတွေကိုတော့ နားလည်ပါတယ်။ ဥပမာ အခုလိုအခြေအနေမျိုးကိုပေါ့။ဘယ်အိမ်မှ သူတို့အိမ်ကအလုပ်သမားကို တန်ဖိုးကြီး ပစ္စည်းတွေပေးလို့လဲ။ အစားအစာကအစ တန်းစီပြီး ယူနေရတဲ့ခေတ်ကြီးထဲမှာ နိုင်ငံခြားကထုတ်တဲ့ အဝတ်အစား နာရီ တွေကို သူကိုပေးတယ်ဆိုတည်းက သတိထားမိသည်။ အခုဆို အလုပ်သမားတွေတောင် ခေါ်ပေးပြီး‌ သူကို ဘာအလုပ်မှမလုပ်ခိုင်းတယ်ဆိုတော့
သူကို ကြိုက်နေတာ ကလွဲရင် ဘာရှိမလဲ။

"ဟုတ်တယ်မလား သခင်ကြီး ကျွန်တော်ကို ကြိုက်နေတာမလား"
"မင်းကို ဘယ်သူပြောလဲ "
"ဒါဆို လက်ဆောင်တွေဘာလို့ ကျွန်တော် ကို ပေးတာလဲ ပြော ပြော"
"ဒါက ငါအတွက်မလိုလို့ ပေးတာလေ ဘာဖြစ်ရမှာလဲ"
"တကယ်လား ကျွန်တော်ကို မကြိုက်တာ"
"အေး"
"ဒါဆို ကျွန်တော် ရည်းစားထားလို့ရတာပေါ့"
"ဘာ!!!! လုံး ဝ မ ရ ဘူး "
"ဒါ‌ဆို ကျွန်တော်ကို ကြိုက်လား"
"မကြိုက်ဘူး"
"အဲဆိုကျွန်တော် ရည်းစားထားမယ်"
"မရဘူးလို့ပြောနေတယ်လေ"
"အဲဆို ဘာလို့ လာဂရုစိုက်နေလဲ လူအထင်လွဲအောင်။ ကြိုက်လားဆိုတော့ မကြိုက်ဘူးဆို‌ပြီး "
"ငါက မင်းကိုကြိုက်တယ်ဆိုရင် မင်း ရည်းစားမထားဘူးပေါ့ အဲလိုလား"
"ဟုတ်တယ်"
"ကြိုက်တယ်ကွာ ချစ်တယ်ကွာ ရပြီလား"
"ဘယ်သူကိုလဲ ထည့်ပြောလေ သခင်ကြီးရဲ့"
"မင်းကိုပြောတာ "
"ဘယ်က မင်းလဲ"
"ကျစ် ရစ်တယ်ကွာ"

"ပတ်ဂျီမင်ကို ချစ်တယ်တာကွာ"
"ဟီး တကယ်နော်"
"ရည်းစားထားလို့ကတော့ မင်းနဲ့ငါတွေ့မယ်"
"မထားပါဘူး သခင်ကြီးရှိနေတာကို ကျွန်တော်က သခင်ကြီးအပိုင်"
"အပိုင်...အေး မင်းက ငါ့အပိုင်"

ထယ်ယောင်းသည် မူမမှန်သည့်ရင်ခုန်သံကို ပြန်လည်ဆန်းမစစ် ရသေးခင်မှာ ငတုံးတစ်ယောက်၏ အတင်းအကျပ် အဖြေတောင်းမူကြောင့် အရှက်တွေ သိက္ခာတွေ ဘေးချကာ ဝန်ခံရတော့သည်။ အဓိက သူအိမ်ကငတုံး ရည်းစားမထားဖို့ဘဲ။ ထားဖြစ်ရင်လည်း သူ(ထယ်ယောင်း) နဲ့ထားဖို့ ရည်ရွယ်ထားသည် အကြံစည်သည် အဆင်ပြေသွား၏။

အမုန်းရန်မပါ ချစ်ကြိုးလေးနဲ့သွယ်ပါမယ်Where stories live. Discover now