6

225 31 1
                                    

"မင်းကို ကိုယ့်သူငယ်ချင်းနဲ့ မိတ်ဆက်ပေးမလို့ မင်းနဲ့တွဲနေတာကို သူကိုမပြောရသေးဘူးလေ အခုမင်းနဲ့အတူ ပြောချင်လို့"
"ဗျာ ကျွန်တော်တို့ တွဲနေတာကို ပြောလို့ဖြစ်ပါမလား"
"ကိုယ့်သူငယ်ချင်းပါဆို ယုံကြည့်ရတယ် မစိုးရိမ်နဲ့ သူကသဘောလည်းကောင်းတယ်"
"ဟုတ်"

သခင်ကြီး လက်ကိုတွဲကာ သခင်ကြီးသူငယ်ချင်း ရှိရာသို့ ဖြည်းဖြည်းရင်း နှစ်ယောက်ထဲလျှောက်နေသည်။ cafe ဆိုင်တစ်ဆိုင်ရှေ့ရောက်တော့ ထယ်ယောင်းက ဒီဆိုင်မှာ ဝင်ကြမယ် ဆိုပြီး သူလက်ကို တင်းတင်းဆွဲကိုင်ကာ တံခါးဝကို တွန်းပြီးဝင်လိုက်သည်။

"ဒီဆိုင်က မင်းနဲ့မိတ်ဆက်ပေးမဲ့ဆိုတဲ့ ကိုယ့်သူငယ်ချင်းဆိုင် အခု သူမအားသေးဘူးထင်တယ်"
"..."
"ကိုယ်တို့ ဒီမှာ ခဏထိုင်စောင့်ကြမယ်"
"ဟုတ် သခင်ကြီး"

ဆိုင်ခန်းသည် ရွှေဝါရောင်ကို အဓိကထားပြီး အသုံးပြုထားတာကြောင့် အဆင့်အတန်းမြင့်ပုံပေါ်သည်။ ကိတ်မုန့်တွေထားတဲ့ ဘက်ခြမ်းမှာလည်း အနီရောင် အဝါရောင် လိမ္မာရောင် စတဲ့ အရောင်စုံကိတ်များ ပြထားသည်။ တချို့ကိတ်တွေဆို အကောင်ပုံစံ ကိတ်တွေတောင်ရှိသည်။

ဂျီမင် ဆိုင်ပတ်လည်ကိုငေးကြည့်နေတုန်း
ဝန်ထမ်းတစ်ယောက်ရောက်လာပြီး
"လူကြီးမင်းတို့  ဘာများသုံးဆောင်မလဲရှင့် " ဆိုပြီး စာအုပ်တစ်အုပ်ကို သူ(ဂျီမင်) ဆီပေးလာသည်။

"မင်းစားချင်တာရွေးလေ"
"ဗျာ"
ထယ်ယောင်းသည် သူ့လက်ထဲက စာအုပ်ကို ယူပြီး ‌ဖွင့်ပြလိုက်သည်။
"ဒီမှာ ကိတ်တွေ မင်းဘာစားချင်တယ်"
"ကျွန်တော် မသိတော့ သခင်ကြီးအဆင်ပြေဝာာ‌ရွေးပေးပါ"
"အင်း"

စာအုပ်ကို တစ်ရွတ်ချင်းလှန်ပြီး တခုပြီး တခုမှာပေးသည်။ ဝန်ထမ်းကောင်မလေးကလည်း စာရွတ်ပေါ်ချရေးပြီး စာအုပ်ကို ပြန်ယူသွားသည်။ ထိုစာအုပ်သည် အနောက်တိုင်းမှာဆို မီနူး(menu) စာအုပ် ဟု ခေါ်သည့်ကို ထယ်ယောင်းက စိတ်ရှည်ရှည်နဲ့ရှင်းပြပေးသေးသည်။ ခဏကြာ ခုနက ဝန်ထမ်းကောင်မလေးကဘဲ ဗန်းကြီးနှင့် ထယ်ယောင်းမှာလိုက်တဲ့ ကိတ်တွေကို စားပွဲပေါ်ချပေးလာသည်။

အမုန်းရန်မပါ ချစ်ကြိုးလေးနဲ့သွယ်ပါမယ်Where stories live. Discover now