Final

312 40 0
                                    

ကွင်းပြင်တခု၊ အတိအကျပြောရရင် ဂေါက်ကွင်း၊မြက်ခင်းပြင်နေရာမှာပေါ့။

"ပန်းစည်းတွေကို ရှေ့မှချ"
"စားပွဲခုံတွေပြင်ပြီးပြီလား"
"သတင်းသမားတွေအတွက် နေရာအရင်ချထားပေးနှင့် ပြီးရင် ဧည့်သည်တွေလာတော့မှာ"

မြို့အုပ်ကင်မ်၏ မင်္ဂလာပွဲဖြစ်သည်။ မြို့အုပ်ကင်မ်၏ဂုဏ်သတင်း၊ ဖခင် ဂျပန်စစ်‌ဗိုလ်ချုပ်ကြီး၏ အရှိန်အဝါတို့ကြောင့် အကြီးဆုံးကွင်းပြင်ဖြစ်သည့် မြို့တော်၏ ဂေါက်ကွင်းပြင်တွင် သတင်းထောက်များနှင့်ပြည့်နှက်နေသည်။

ယာယီအမိုးအိမ် ထဲတွင်

"သတို့သားလေးက အသားရည်လှတော့ သိပ်ပြင်စရာတောင်မလိုဘူး"
"ရင်ထိုးလေး ထပ်ပေးမယ်နော်"
"ဟုတ်ကဲ့"

ယာယီအမိုးအိမ်ထဲ ထယ်ယောင်းဝင်လာသည်။

"ပြင်ပြီးပြီလား"
"ဟုတ် သခင်ကြီး"
"ဝတ်စုံနဲ့သိပ်လိုက်တာဘဲ"
"သခင်ကြီးရောဘဲ"

ထယ်ယောင်းသည် ဂျီမင် တစ်ကိုယ်လုံးကို သေချာကြည့်နေသည်။ ရင်ဘတ်က ရင်ထိုးလေးသည် တချက်တချက် လက်လက်သွားသည်။

___________________

"သတို့သားကင်မ်ကို သက်ဆုံးတိုင် အေးအတူပူအမျှ ပေါင်းသင်းနိုင်ပါမလား"
"ပေါင်းသင်းနိုင်ပါတယ်"
" သတို့သားပတ်ကို သက်ဆုံးတိုင် အေးတူပူအမျှ ပေါင်းသင်းနိုင်ပါမလား"
"ပေါင်းသင်းနိုင်ပါတယ်"

"ဒီမင်္ဂလာပွဲကို ကန့်ကွက်မဲ့လူများ ရှိလား"
ဘုန်းကြီးသည် ဧည့်သည်များရှိရာဘက်သို့ ကြည့်ကာ မေးလိုက်သည်။အားလုံးက တိတ်ဆိတ်စွာ ငြိမ်နေခြင်းသည် ကန့်ကွက်မူမရှိကြောင်းကို ပြသနေသည်။

"ဒါဆို သတို့သားနှစ်ဦး လက်စွပ်အပြန်အလှန် လဲနိုင်ပြီ"

သခင်ကြီး၏ သူငယ်ချင်း အိုခီရာသည် လက်စွပ်ဗန်းကို သယ်လာသည်။ သူတို့အနားလည်းရောက်ရော

"ကိုယ်ကို လက်တွဲဖြုတ်လို့မရတော့ဘူးနော် ဒါဝတ်လိုက်ရင် ကိုယ်အပိုင်ဖြစ်သွားပြီ"
"ကျွန်တော်က အစထဲက သခင်ကြီး အပိုင်ပါ"

ရိုးရှင်းတဲ့ ရွှေလက်စွပ်သည် သခင်ကြီး လက်မှာရော သူလက်မှာပါ ထင်းနေသည်။
ကင်မရာများသည် တဖြတ်ဖြတ် ရှူးထောင့်မျိုးစုံ ကဖြင့် ရိုက်နေကြသည်။

🎉 You've finished reading အမုန်းရန်မပါ ချစ်ကြိုးလေးနဲ့သွယ်ပါမယ် 🎉
အမုန်းရန်မပါ ချစ်ကြိုးလေးနဲ့သွယ်ပါမယ်Where stories live. Discover now