EP 🌹 _ 1

522 6 0
                                    


" အမေ .. ကြက်သွန်မြိတ်ကုန်ခါနီးပြီနော် .. "

" အေး ၊ဟုတ်တယ် ထပ်ဝယ်ရဦးမယ် "

" သမီး သွားဝယ်ပေးမယ်လေ ပိုက်ဆံပေး "

" အမေ့အိတ်ထဲက ယူသွားလိုက်လေ "

" ကြက်သွန်မြိတ်ပဲလား နောက်ထပ်ဘာဝယ်
ရဦးမလဲ "

" အင်း .. ငရုတ်သီးနဲ့ ကြက်သွန်ဖြူလည်း
ရှိသေးတာပဲ .. ရပါတယ် ကြက်သွန်မြတ်ပဲ
ဝယ်ခဲ့ "

" ဟုတ် "

အမေက မီးဖိုချောင်ထဲကို တစ်ချက်ဝှေ့ကြည့်ပြီး
ပြောလိုက်တော့ yoongi လည်း ခေါင်းညိမ့်ကာ
ထွက်လာခဲ့သည် ။
ထို့နောက် လမ်းထိပ်ကစျေးဆိုင်ထဲကိုဝင်ပြီး
ဆိုင်ထဲက အဒေါ်ကြီးကိုကြည့်ကာ

" အဒေါ်ရေ .. ကြက်သွန်မြိတ် သုံးကီလို
လောက်ပေးပါ "

" အေးအေး "

" ဦးလေးရော သက်သာရဲ့လား အဒေါ် "

" အေး ၊ သက်သာပါတယ် yoongi ရယ် ..
မနက်ဖြန်ဆို ဆေးရုံကဆင်းလို့ရပြီလေ "

" သြော် ၊ တော်သေးတာပေါ့ .. "

yoongi က စိတ်အေးသွားတဲ့ပုံနဲ့ပြောတော့
အဒေါ်ကြီးက သက်ပြင်းချကာ ခေါင်းခါရင်း

" အမလေး ၊ မတော်ပါဘူး yoongi ရယ် ..
ငါ့မှာ ဆေးရုံစရိတ်နဲ့ တော်တော်ပတ်လည်
ရိုက်သွားတယ် ၊ စီးပွားရေး မပြေလည်ပါဘူးဆိုမှ ဒုက္ခတစ်မျိုးပြီးတစ်မျိုး တွေ့တယ်လေ ..
ဆေးရုံစရိတ်အတွက် အကြွေးတင်နေတာ
အများကြီးပဲ ၊ ပြန်စပ်ဖို့ ဘယ်လိုလုပ်ရမလဲတောင် မသိတော့ပါဘူး .. "

" အင်း .. လူ့ဘဝက ဒီလိုပါပဲ အန်တီရယ် ..
စားဝတ်နေရေးအတွက် သွေးချွေးတွေရင်းပြီး ရှာဖွေရတာပါပဲ ၊ yoon တို့က သာမန်
အောက်ခြေ လူတန်းစားတွေလေ .. အစစ
အရာရာ ပြီးပြည့်စုံနေတဲ့ လူချမ်းသာတွေမှ
မဟုတ်တာ "

" အေးဟယ် ၊ နင်တို့ဆိုင်ရော ရောင်းကောင်းရဲ့လား "

" ဒီလိုပါပဲ အန်တီရယ် .. နေသာတဲ့ရက်ရှိသလို တိမ်ထူတဲ့ရက်လည်း ရှိတာပါပဲ "

" အေးပေါ့ အေးပေါ့ ၊ ရော့ ရပြီ "

" ဟုတ် ၊ ကျေးဇူးပါ အန်တီ သွားပြီနော် .. "

ဘိန်းခင်းကြားမှ နှင်းဆီတစ်ပွင့် (Completed)Where stories live. Discover now