ရေပန်းပိတ်ကာ မှန်တံခါးကို တွန်းဖွင့်ပြီး
hoseok တစ်ယောက် ရေချိုးခန်းဘောင်ထဲမှ
ထွက်လာလိုက်သည်။
ပြီးတော့ ဘေစင်ပေါ်က မှန်ကို ဘေးဘက်သို့
တွန်းဖွင့်လိုက်ပြီး သပတ်ဖြူနှစ်ထည် ထုတ်ယူလိုက်သည်။
တစ်ထည်ကို ခါးမှာပတ်ပြီး
တစ်ထည်ကို ရေစိုနေတဲ့ခေါင်းကို သုတ်ကာ
ဘေစင်ရှေ့မှာရပ်ပြီး မှန်ထဲက ကိုယ့်ကိုကိုယ်
ကြည့်နေမိသည်။အဆီပိုမရှိ ကျစ်လစ်သန်မာတောင့်တင်းနေတဲ့
ခန္ဓာကိုယ်က တကယ့်ကို ဆွဲမက်ဖွယ်အတိ။
ရေစိုနေတဲ့အချိန်ဆို ပိုလို့တောင် ကြည့်ကောင်းနေပါသေးသည်။
အပေါ်ယံမျက်နှာကို မြင်ရုံနဲ့ ကြိတ်ကြွေကြတဲ့
မိန်းကလေးတွေက hoseok ရဲ့ ရေစိုနေတဲ့
ခန္ဓာကိုယ်ကိုသာ တွေ့ရင် သွက်သွက်ခါအောင်
ရူးသွားကြမလားမသိ။မှန်ထဲက ကိုယ့်ကိုကိုယ် ကြည့်နေရင်း ကျေနပ်နေတဲ့ hoseok တစ်ယောက် ရုတ်တရက်
အတွေးတစ်ခုဝင်ကာ ခေါင်းသုတ်နေသည့်
လက်က အလိုလိုတန့်သွားမိသည်။စမ်းသပ်ချင်လို့ဆိုပြီး hoseok ရဲ့ အင်္ကျီကို
ဆွဲလှန်လိုက်တဲ့ taetae ...။
အဲ့တုန်းက hoseok မှာ လန့်ပြီး ထခုန်မိမတက်ပဲ။
taetae စိတ်ရူးပေါက်ပြီး တစ်ခုခုလုပ်တော့မယ်လို့ ပေါက်ကရတွေ ထင်လိုက်မိတာလေ။hoseok ခေါင်းဆက်မသုတ်တော့ဘဲ
သပတ်ကို ခေါင်းပေါ်မှာပဲ တင်ထားရင်း
ခါးထောက်ကာ ရပ်နေလိုက်သည်။
မှန်ထဲက ကိုယ့်ရုပ်ကိုယ် ကြည့်မိတော့ နေရခက်နေသလို၊ မျက်နှာပူနေသလို ဖြစ်နေတာကို
တွေ့ရသည်။
ပြီးမှ သက်ပြင်းချကာ ခေါင်းခါလိုက်သည်။" ဒီကလေးဆိုးလေး ဘာလုပ်မှန်းကို မသိဘူး "
ပြောရင်းနဲ့ ရေချိုးခန်းထဲမှ ထွက်လာကာ
အဝတ်ဗီဒိုကို ဆွဲဖွင့်လိုက်သည်။
သက်တောင့်သက်သာရှိမယ့်အဝတ်ကို ရွေးဝတ်ပြီး မှန်တင်ခုံပေါ်က ဖုန်းကိုလှန်းယူကာ
' ခွေးရူး ' ဆိုတဲ့ contact ကို နှိပ်လိုက်သည်။တစ်ဘက်က ဖုန်းဝင်နေသော်လည်း
တော်တော်နဲ့မကိုင်ပါ။
မိန်းမရပြီးမှ ဖုန်းတောင် ချက်ချင်းမကိုင်နိုင်တော့သည့် seokjin ကို hoseok စိတ်ထဲကနေ၍ ကြိတ်၍ ကြိမ်ဆဲလိုက်သည်။
ŞİMDİ OKUDUĞUN
ဘိန်းခင်းကြားမှ နှင်းဆီတစ်ပွင့် (Completed)
Hayran Kurgu🌷ဘိန်းပန်းတွေဟာ.. လှပပြီး နူးညံ့သယောင်ရှိတယ်။ ချိုးဖဲ့ခူးယူဖို့ မခက်ခဲဘူး။ ဒါပေမဲ့... အဆိပ်ပြင်းတယ်၊ ရူးသွပ်စေတယ်။ သေစေနိုင်လောက်အောင် အန္တရာယ်ကြီးမားတယ်။ လျှို့ဝှက်ထောင်ချောက်တစ်ခုပဲ... 🌹နှင်းဆီတွေဟာ.. လှပပြီး ရဲရင့်ခြင်းသဘောကိုဆောင်တယ်။ ဒါပေမဲ့...