" yoongi.... "
seokjin လက်တွေကို ထိုမိန်းမရဲ့လည်တိုင်ပေါ်က ဖြည်လွှတ်လိုက်ပြီး yoongi နဲ့ မျက်နှာချင်းဆိုင် လှည့်ရပ်လိုက်သည်။
ဒါပေမဲ့လည်း yoongi ရှေ့ကို လှမ်းလျှောက်သွားဖို့ seokjin ခြေထောက်တွေက အားအင်မဲ့နေခဲ့သည်။" အဲ့ဒီကိစ္စရဲ့ နောက်ကွယ်ကြိုးကိုင်သူက kim seokjin ဆိုတဲ့ ရှင်ဖြစ်ကြောင်း...
yoongi အခု သိသွားပြီမို့လို့လေ.. "" မင်း ပါးစပ်ကိုပိတ်ပြီး အခုချက်ချင်း ထွက်သွား.... "
seokjin သတိလွတ်တစ်ချက်၊ မလွတ်တစ်ချက် ဖြစ်နေချိန် hani ဆိုတဲ့မိန်းမက မီးလောင်ရာ ဓာတ်ဆီလောင်းချလိုက်တာကြောင့် seokjin ပေါက်ကွဲပြီး ထအော်လိုက်သည်။
ပြီးတော့ ကျောက်ရုပ်လို ကြောင်ငေးရပ်ကြည့်နေသည့် yoongi ဆီကို အပြေးတပိုင်းလျှောက်သွားလိုက်ပြီး" yoongi.. မဟုတ်ဘူးနော်.. အဲ့ဒါတွေ တကယ် မဟုတ်ဘူး.. ငါ ဘာမှမလုပ်ခဲ့ဘူး၊
ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့ "" အခု ကျွန်မ ကြားလိုက်ရတာ ဘာတွေလဲ "
seokjin ကို မော့ကြည့်ပြီး ပြောလာသည့်
yoongi ရဲ့မျက်လုံးတွေထဲမှာ နားမလည်ခြင်း၊ အံ့သြခြင်းတွေ ပြည့်နှက်နေသည်။
နောက်တော့ ချက်ချင်းပဲ seokjin ကို
စက်စုတ်ရွံရှာဖွယ်သတ္တဝါတစ်ကောင်လို ကြည့်ကာ တစ်လုံးခြင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။" ကျွန်မက ရှင့်လိုလူကို လက်ထပ်ခဲ့မိတာလား "
" yoongi... ငါ ရှင်းပြ.. "
' ဖြန်း... '
" ရှင့်ပါးစပ်က ထွက်လာမယ့်စကားတွေ ဘာတစ်ခုမှမကြားချင်တာကြောင့် ထပ်မပြောပါနဲ့တော့.. "
seokjin ပါးတစ်ဘက်က ထူပူသွားတာကြောင့် ရုတ်တရက် ကြောင်အပြီး ဘာမှပြန်ပြောချိန်မရလိုက်ပါ။
အနားကနေ yoongi ထွက်သွားတာကိုလည်း တားစီးဖို့ သတိမရနိုင်ခဲ့ပါ။တစ်ဘဝလုံး ဖုံးကွယ်ထားဖို့ ကြိုးစားချင်ခဲ့သည်...။
သူ မသိသွားဖို့ အကြိမ်ကြိမ်ဆုတောင်းခဲ့ဖူးသည်...။
ဒီလိုနေ့မျိုး ရောက်လာမှာမဟုတ်ဘူးလို့
ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ခဲ့ဖူးသည်...။
ŞİMDİ OKUDUĞUN
ဘိန်းခင်းကြားမှ နှင်းဆီတစ်ပွင့် (Completed)
Hayran Kurgu🌷ဘိန်းပန်းတွေဟာ.. လှပပြီး နူးညံ့သယောင်ရှိတယ်။ ချိုးဖဲ့ခူးယူဖို့ မခက်ခဲဘူး။ ဒါပေမဲ့... အဆိပ်ပြင်းတယ်၊ ရူးသွပ်စေတယ်။ သေစေနိုင်လောက်အောင် အန္တရာယ်ကြီးမားတယ်။ လျှို့ဝှက်ထောင်ချောက်တစ်ခုပဲ... 🌹နှင်းဆီတွေဟာ.. လှပပြီး ရဲရင့်ခြင်းသဘောကိုဆောင်တယ်။ ဒါပေမဲ့...