EP 🌹 _ 6

77 4 0
                                    

ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်သည့် သက်ပြင်း
တစ်ချက်နှင့်အတူ ဖြူလွှလွှ မီးခိုးငွေ့များက
အပြစ်မဲ့သည့် လေထုကို နယ်ချဲ့ကာ ရောနှော
ဝင်ရောက်သွားသည်။

ထူထဲအိစက်သည့် ဆိုဖာခုံကြီးမှာ ကျောပြင်ကို
နစ်ဝင်အောင် မှီချပြီး ညာဘက်ခြေထောက်ကို ခုံပေါ်မှာ ဒူးထောင်၍တင်ထားကာ ထိုဒူးခေါင်း
ပေါ်သို့ စီးကရက်ကိုင်ထားသည့် ညာလက်ကို
ဆန့်တန်းပြီးတော့ တင်ထားသည်။

လေထု၏ တန်ပြန်၍ တွန်းတိုက်မှုကြောင့်
ဖြူလွှလွှ မီးခိုးငွေ့များက တစ်ဆတစ်ဆ
ပျောက်ကွယ်သွားသည်အထိ seokjin ကတော့
မျက်စိရှေ့က မြင်နေရသည့် ဆိုဖာခုံကြီးကိုသာ
အကြောင်းမရှိဘဲ စိုက်ကြည့်နေမိသည်။

လက်ညိုးနှင့် လက်ခလယ်ထိပ်ဖျားက
ရုတ်တရက် ခံစားလိုက်ရသည့် အပူရှိန်ကြောင့်
လက်က ဆတ်ခနဲ တုန်သွားပြီး လက်ဆီသို့
လှမ်းကြည့်လိုက်သည်။

ပတ်ဝန်းကျင်က အရာရာကို မေ့လျော့ပြီး
သတိလက်လွတ် နေနေမိတာ ဘယ်လောက်
ကြာသွားပြီဖြစ်ကြောင်းကို လက်ညိုးနှင့်
လက်ခလယ်ထိပ်ဖျားအထိ ရောက်နေသည့်
စီးကရက်တိုလေးက အသိပေးလေသည်။

seokjin လည်း ဆိုဖာခုံထဲမှာ နစ်ဝင်နေသည့်
ကျောပြင်ကို ပြန်ဆွဲထုတ်ကာ ခါးကို ရှေ့သို့
အနည်းငယ်ကိုင်းပြီး စားပွဲခုံပေါ်က
ဆေးလိပ်ခွက်ထဲကို ထိုစီးကရက်တိုကို ပြစ်ထည့်လိုက်သည်။
ထို့နောက် စီးကရက်ဘူးထဲက နောက်ထပ်
တစ်လိပ်ကိုထုတ်ယူပြီး မီးညှိကာ နှုတ်ခမ်းဝမှာ
တေ့ကပ်လိုက်သည်။

' ဒေါက် ဒေါက် ဒေါက် '

တံခါးခေါက်သံနှင့်အတူ အခန်းထဲဝင်လာသည့်
hoseok ကိုတွေ့တော့ seokjin ချက်ချင်းပဲ
မတ်တပ်ရပ်ကာ မေးလိုက်သည်။

" ဘယ်လိုလဲ "

" ဘာမှတော့မထူးခြားဘူး၊ ဒါပေမယ့် .. "

" ဒါပေမယ့် ဘာဖြစ်လဲ "

" ငါ မင်းမိထွေးကိုတော့ မသင်္ကာဘူး "

hoseok က seokjin နဲ့ မျက်နှာချင်းဆိုင်
ဆိုဖာခုံမှာ ဝင်ထိုင်ရင်းပြောတော့ seokjin က
မတ်တပ်ရပ်နေရင်းပဲ မျက်မှောင်ကျုံ့ ကြည့်ရင်း
မေးသည်။

ဘိန်းခင်းကြားမှ နှင်းဆီတစ်ပွင့် (Completed)Où les histoires vivent. Découvrez maintenant