အဲ့ဒီအပြုံး ...
အဲ့ဒီအပြုံးက ဘာအဓိပ္ပာယ်လဲ ..
ငါ့ကို ဘာအတွက် ပြုံးပြီးကြည့်ရတာလဲ ..
အဲ့ဒီအပြုံးက အသက်မဲ့လွန်းတယ် ...
ငါ့ကို အသက်ရှူ ရပ်တန့်စေတယ် ..
ငါ့စိတ်ကို မွန်းကျပ်ပိတ်လောင်စေတယ် ..
မင်းက ဘာလဲ ... ဘာအတွက်လဲ ..
ငါ အရမ်းသိချင်တယ် ...မျက်လုံးများကို စုံမှိတ်ကာ နဖူးပေါ်လက်တင်ပြီး အဓိပ္ပာယ်ဖော်ရခက်သည့် အပြုံးမျက်နှာကို
အချိန်အတော်ကြာအောင် စဉ်းစားနေမိသည်။
ဘယ်လောက်ပင် စဉ်းစားသော်ငြားလည်း
နောက်ဆုံးရသည့် အဖြေက ခပ်ပြင်းပြင်း
သက်ပြင်းချသံ တစ်ခုသာ ဖြစ်သည်။' ဒေါက် ဒေါက် ဒေါက် '
ကားတံခါးမှန်ကို ခေါက်သံကြားမှ seokjin
အတွေးတို့ လွင့်ပြယ်ပြီး မျက်လုံးများ ပြန်ပွင့်
လာကာ ဘေးကိုကြည့်လိုက်သည်။
ကားအပြင်ဘက်ကရပ်ပြီး seokjin ကို
ခေါင်းငုံ့အရိုအသေပေးနေသည့် chanmin ကို
တွေ့တော့ ထိုင်ခုံကို မှီထိုင်နေရင်းနဲ့မှ ခါးကို
မတ်မတ်ပြန်ထားရင်း မှန်ကိုချပေးလိုက်သည်။" ကျွန်တော် ခေါ်လာခဲ့ပါပြီ "
chanmin နောက်က အတူပါလာသည့်
အဖြူရောင်ဂျူတီကုတ်နှင့် အသက် ၄၀ ခန့်
ဆရာဝန်ကြီးကို seokjin ခပ်တည်တည်ပဲ
ကြည့်နေလိုက်သည်။ထို့နောက် chanmin က ကားတံခါးကို ဖွင့်ပေးလိုက်သည့်အခါ ဆရာဝန်ကြီးကလည်း seokjin ကို တရိုတသေ ဦးညွတ်ပြီး ကားထဲသို့
ဝင်ထိုင်လေသည်။chanmin က ကားတံခါးကို ပြန်ပိတ်ပေးပြီး
ကားနားမှ ထွက်သွားသည်အထိ seokjin
ဘာတစ်ခုမှ မပြောဘဲ နှုတ်ဆိတ်နေသည်။
ဒီတော့ ဆရာဝန်ကြီးကပဲ seokjin ကို
မဝံ့မရဲကြည့်ပြီး စကား စပြောသည်။" ဟို .. ကျွန်တော့်ကို တွေ့ဖို့ခေါ်ရတာ ..
ဘာကြောင့်များလဲဟင် "ကိုယ့်ထပ် အသက် ၂၀ လောက်ငယ်တဲ့သူကို
တရိုတသေ စကားပြောနေရသည့် ဆရာဝန်ကြီးရဲ့ ပုံစံက တကယ့်ကို သနားဂရုဏာသက်စရာ
ကောင်းလှပါသည်။
သမ္မတရဲ့ သားဆိုတော့လည်း ရှိန်တာပေါ့။seokjin ကတော့ ဆရာဝန်ကြီးကို မျက်နှာချင်း
မဆိုင်ဘဲ ရှေ့တည့်တည့်ကို မျက်နှာမူပြီးတော့
ခပ်တည်တည်နဲ့ စကား စပြောသည်။
VOCÊ ESTÁ LENDO
ဘိန်းခင်းကြားမှ နှင်းဆီတစ်ပွင့် (Completed)
Fanfic🌷ဘိန်းပန်းတွေဟာ.. လှပပြီး နူးညံ့သယောင်ရှိတယ်။ ချိုးဖဲ့ခူးယူဖို့ မခက်ခဲဘူး။ ဒါပေမဲ့... အဆိပ်ပြင်းတယ်၊ ရူးသွပ်စေတယ်။ သေစေနိုင်လောက်အောင် အန္တရာယ်ကြီးမားတယ်။ လျှို့ဝှက်ထောင်ချောက်တစ်ခုပဲ... 🌹နှင်းဆီတွေဟာ.. လှပပြီး ရဲရင့်ခြင်းသဘောကိုဆောင်တယ်။ ဒါပေမဲ့...