EP 🌹 _ 3

91 3 0
                                    

သူငယ်ချင်းတွေနဲ့အတူ စကားပြောလိုက်၊
ဝိုင်သောက်လောက်နဲ့ ပျော်ရွှင်နေတုန်း
ရှေ့တည့်တည့် မလှမ်းမကမ်းနေရာကနေ
လမ်းဖြတ်လျှောက်သွားသည့် hoseok ကို
tae အမှတ်တမဲ့ တွေ့လိုက်ရသည်။

ကိုကို hoseok ဘယ်သွားမလို့ပါလိမ့် ..
ခုနက ငါနမ်းလိုက်တာကြောင့် စိတ်များဆိုးသွား
မလားမသိဘူး ..
ငါကလည်း အရမ်းကို အလောကြီးလွန်းပါတယ်
ကိုကို hoseok ငါ့ကို ချစ်သူအဖြစ် လက်ခံလာဖို့ ချက်ချင်းကြီး ဘယ်လုပ်ယူလို့ရပါ့မလဲ ..
ကိုကို hoseok ငါနဲ့ မျက်နှာချင်းဆိုင်ဖို့
အခက်တွေ့နေမှာ ကျိန်းသေတယ် ..
မဖြစ်သေးပါဘူး ..
စိတ်မဆိုးဖို့ တောင်းပန်ရမယ် ..

tae လည်း ဘေးက သူငယ်ချင်းတွေနဲ့ GG
အဖွဲ့ဝင်တွေကို ' ခဏနော် ' လို့ပြောပြီး
hoseok နောက်ကို အမြန်ပြေးလိုက်သွားသည်။
ဒါပေမယ့် hoseok က ခြေလှမ်းမြန်လွန်းသည်။ဘယ်ရောက်လို့ ရောက်သွားမှန်းမသိပါဘူး။

" ကယ်ကြပါဦး.. "

ထိုအချိန်မှာပဲ မိန်းကလေးတစ်ယောက်ရဲ့ စူးစူးဝါးဝါး အော်သံကိုကြားလိုက်တာကြောင့် tae ရုတ်တရက် ထိတ်လန့်သွားရသည်။

ဒီအသံက ဘယ်ကလာတာပါလိမ့် ..
ဒီအသံကို ကြားဖူးနေတယ် ..
ဒီအသံက .. ဟိုရှေ့အခန်းကပဲ ဖြစ်လိမ့်မယ် ..

tae လည်း ဘာမှထပ်မစဉ်းစားတော့ဘဲ
အသံလာရာ အခန်းဆီသို့ အလျင်အမြန်ပဲ
ဝင်သွားလိုက်သည်။

အခန်းထဲရောက်သည့်အချိန် မြင်လိုက်ရသည့်
မြင်ကွင်းက tae ကို အင်မတန် အံ့သြထိတ်လန့်
သွားစေသည်။
အဆိုတော် yoongi နဲ့ ကိုကို seokjin ရယ်
ကိုကို hoseok ရယ် ။
သူတို့တွေ ရုန်းရင်းဆန်ခတ်ဖြစ်နေကြတာ
တကယ် မြင်မကောင်းဘူး ။
အဆိုတော် yoongi က ကိုကိုတို့နှစ်ယောက်ရဲ့
လက်ထဲက လွတ်ဖို့အတွက် အသည်းအသန်
ရုန်းကန်နေတာ။

" ကိုကိုတို့ ဘာလုပ်နေကြတာလဲ "

tae ရဲ့ တုန်ရင်နေသည့် မေးသံကြောင့်
seokjin နဲ့ hoseok တို့ ပြိုင်တူပဲ လှည့်ကြည့်
လိုက်ကြသည်။

yoongi ကလည်း tae ကိုမြင်တော့ ချက်ချင်းပဲ
ကြမ်းပြင်ပေါ်မှ ကုန်းရုန်းထပြီး အခန်းထဲက
ထွက်ပြေးသွားတော့သည်။

ဘိန်းခင်းကြားမှ နှင်းဆီတစ်ပွင့် (Completed)Where stories live. Discover now