" ဥက္ကဌ jung... "
" အစည်းအဝေးဖျက်လိုက်တော့ "
အခန်းထဲဝင်လာသည့် အတွင်းရေးမှူးမိန်းကလေး ဘာမှမပြောခင် hoseok ကပဲ အရင်ဦးအောင်ပြောလိုက်သည်။
ထိုအခါ အတွင်းရေးမှူးမိန်းကလေးက
အံ့သြမှင်သက်ပြီး ငေးကြည့်နေရင်းနဲ့မှ
ခေါင်းငုံ့အရိုအသေပေးကာ ပြန်ထွက်သွားသည်။hoseok က ဒါဆို ဒါ။ တစ်ခွန်းဆို တစ်ခွန်းပဲ ပြောတတ်၊ လုပ်တတ်သည့် အကျင့်ရှိတာမို့ အတွင်းရေးမှူးမိန်းကလေးမှာ ဘာမှ စောဒက တက်ခွင့်မရှိဘဲ အလိုက်တသိ ရှောင်ထွက်သွားရခြင်းဖြစ်သည်။
hoseok လည်း အတွင်းရေးမှူးပြန်ထွက်သွားမှ စားပွဲပေါ်ကဖုန်းကို ယူလိုက်သည်။
ဖုန်း lock ဖွင့်လိုက်သည့်အချိန် စခရင်မှာပေါ်လာတာက hoseok နဲ့ tae တို့ ကလေးငယ်လေးနဲ့အတူ တွဲရိုက်ထားသည့် ဓာတ်ပုံပင်ဖြစ်သည်။ဘာကြောင့် ဒီပုံကို ဖုန်း wallpaper အဖြစ်
ထားထားမိလဲ မသိပါ။
သေချာတာတော့ tae ကို ဟိုအဆိုတော်ကောင်နဲ့ နှစ်ယောက်အတူတွဲပြီး တွေ့လိုက်ရသည့်နောက်ပိုင်း hoseok စိတ်ထဲ ဘဝင်မကျဖြစ်နေတာတော့ အမှန်ပါပဲ။
tae အပေါ် ခံစားချက်ရှိနေတာလားလို့
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တော့
ဝန်ခံဖို့သတ္တိမရှိသလို ငြင်းဆန်ဖို့လည်း ခက်ခဲနေသည်။tae တကယ်ပဲ အဲ့ဒီကောင်နဲ့ချစ်သွားတာလား....။
ဒါမှမဟုတ် hoseok ရှေ့မှာမို့ သဝန်တိုအောင် တမင်ဟန်ဆောင်ပြနေတာလား။
ဟန်ဆောင်စရာအကြောင်းတော့ မရှိဘူးထင်တယ်။hoseok ဘာကိုမှ ဆက်မတွေးနိုင်တော့ဘဲ
သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
ပြီးတော့ ဖုန်း contact ထဲဝင်ပြီး
' ကလေးဆိုး ' ဆိုသည့်နံပါတ်ကို နှိပ်လိုက်သည်။tae ဖုန်းကိုင်ပါ့မလားလို့တွေးပြီး ချီတုံချတုံဖြစ်နေပေမဲ့ ကံကောင်းစွာနဲ့ပဲ တစ်ဘက်က tae ရဲ့ ဖုန်းဖြေသံကို ကြားလိုက်ရသည်။
" ဟုတ်ကဲ့ ကိုကို hoseok " ဆိုပြီး
အသံချိုချိုလေးနဲ့ ပြောလာတော့ hoseok ရဲ့ရင်ထဲ ထိန်းမရအောင် ခုန်လှုပ်သွားပေမဲ့ အတတ်နိုင်ဆုံး အသံကိုငြိမ်အောင်ထိန်းပြီး ပြောလိုက်သည်။
YOU ARE READING
ဘိန်းခင်းကြားမှ နှင်းဆီတစ်ပွင့် (Completed)
Fanfiction🌷ဘိန်းပန်းတွေဟာ.. လှပပြီး နူးညံ့သယောင်ရှိတယ်။ ချိုးဖဲ့ခူးယူဖို့ မခက်ခဲဘူး။ ဒါပေမဲ့... အဆိပ်ပြင်းတယ်၊ ရူးသွပ်စေတယ်။ သေစေနိုင်လောက်အောင် အန္တရာယ်ကြီးမားတယ်။ လျှို့ဝှက်ထောင်ချောက်တစ်ခုပဲ... 🌹နှင်းဆီတွေဟာ.. လှပပြီး ရဲရင့်ခြင်းသဘောကိုဆောင်တယ်။ ဒါပေမဲ့...