tae ကားကို အရှိန်နှုန်းအမြင့်ဆုံးမှာထားပြီး မောင်းနေမိသည်။
သတ်မှတ်ရှိန်ထက် ကျော်လွန်နေတာသိပေမယ့် ဒီလိုလုပ်မှ မွန်းကျပ်နေသည့်စိတ်တွေ ပြေပျောက်သွားလိမ့်မည်။ညီမလေးတစ်ယောက်လိုပဲ သဘောထားပါတယ်ဆိုပြီး အခုမှ ဘာလို့ ချက်ချင်းကြီး ပြောင်းလဲသွားရတာလဲ။
သူ ဒီလိုလုပ်လိမ့်မယ်လို့ ထင်တောင်မထင်ခဲ့ဘူး။
tae ကတော့ သူ့ကိုယုံပြီး သူ့ကွန်ဒိုထဲအထိ ရောက်သွားမိတယ်။
သူက ဒါကို အခွင့်ကောင်းယူခဲ့တယ်။
တော်တော်မကောင်းတဲ့လူပဲ...။" မကောင်းတဲ့လူ.... အား.... "
tae စိတ်ရှိလက်ရှိ ပေါက်ကွဲအော်ဟစ်ကာ ကားကို လမ်းဘေးတစ်နေရာတွင် ထိုးရပ်လိုက်သည်။
ကိုကို hoseok ရဲ့ အငွေ့အသက်တွေ ကပ်ညှိနေသည့် tae ရဲ့နှုတ်ခမ်းကို လက်ခုံနဲ့
ဖိပွတ်ကာ မျက်ရည်များ အလိုလိုကျလာသည်။ဒီကိစ္စက tae ဘက်က အလိုဆန္ဒမပါဘဲ
ဖြစ်ခဲ့တာဆိုပေမယ့် ကိုယ့်ချစ်သူအပေါ်မှာ သစ္စာဖောက်လိုက်သလို ခံစားနေရသည်။
တကယ်ဆိုရင် tae ရဲ့နှုတ်ခမ်းတွေဟာ
jeon jungkook ဆိုတဲ့လူသားတစ်ယောက်ပဲ ပိုင်တာပါ။
အခုတော့ တစ်ခြားလူတစ်ယောက်ရဲ့
နိုင့်ထက်စီးနင်း ရယူခြင်းကို ခံခဲ့ရသည်။
ထိုလူဟာ tae တစ်ချိန်က တစ်ဘက်သတ်ချစ်ခဲ့ရတယ်ဆိုပေမယ့် အခုချိန်မှာတော့
မြူတစ်မှုန်စာလေးတောင် ခံစားချက်မရှိတော့ပါဘူး။
ဒါကိုသိရက်နဲ့ ဒီလိုလုပ်ရပ်မျိုး လုပ်ခဲ့တာကြောင့် ပိုပြီး ရွံရှာမုန်းတီးမိသည်။tae ကိုယ့်နှုတ်ခမ်းကို ဖိပွတ်လိုက် ကားစီယာတိုင်ကို လက်သီးနဲ့ထုရိုက်လိုက်ဖြင့် ဒေါသတွေ၊ ရှက်စိတ်တွေကို ဖြေဖျောက်နေမိသည်။
ထိုအချိန်မှာပဲ အိတ်ထဲက ဖုန်းမြည်သံကြောင့် စိတ်တိုတိုနဲ့ပဲ အိတ်ဇစ်ကို ဆောင့်ဆွဲဖွင့်ပြီး ထုတ်ယူကြည့်လိုက်သည့်အခါ jungkook ဆီက ဖြစ်နေသည်။
ထိုအခါ tae လည်း ဒေါသစိတ်တွေကို ချက်ချင်းငြှိမ်းသက်ကာ အငိုတိတ်လိုက်ရသည်။
ပြီးတော့ ဖုန်းကိုနားမှာကပ်ရင်း
"အင်း... " ဟု ငိုသံမပေါက်အောင် ထိန်းပြောလိုက်သည်။ဒါပေမဲ့ တစ်ဘက်ကကြားရတာ သူ့အသံမဟုတ်ပါ။
တစ်ခြားယောက်ျားတစ်ယောက်အသံဖြစ်နေသည်။
VOCÊ ESTÁ LENDO
ဘိန်းခင်းကြားမှ နှင်းဆီတစ်ပွင့် (Completed)
Fanfic🌷ဘိန်းပန်းတွေဟာ.. လှပပြီး နူးညံ့သယောင်ရှိတယ်။ ချိုးဖဲ့ခူးယူဖို့ မခက်ခဲဘူး။ ဒါပေမဲ့... အဆိပ်ပြင်းတယ်၊ ရူးသွပ်စေတယ်။ သေစေနိုင်လောက်အောင် အန္တရာယ်ကြီးမားတယ်။ လျှို့ဝှက်ထောင်ချောက်တစ်ခုပဲ... 🌹နှင်းဆီတွေဟာ.. လှပပြီး ရဲရင့်ခြင်းသဘောကိုဆောင်တယ်။ ဒါပေမဲ့...