" လှလိုက်တာ .. နေကြာပန်းတွေလား "
" အင်း .. နေကြာပန်းစိုက်ခင်းလေ "
" သြော် .. "
tae က ခေါင်းတညိမ့်ညိမ့်လုပ်ရင်း နေကြာပန်း
စိုက်ခင်းပုံ ပန်းချီဆွဲနေသည့် ကလေးမလေး
အနားမှာ ထိုင်ပြီး ခပ်လှမ်းလှမ်းက ခုံတစ်ခုမှာ
ကောင်လေးတစ်ယောက်နှင့် ထိုင်နေသည့် hoseok ကို လှမ်းကြည့်ကာ ပြုံးလိုက်သည်။hoseok က ထိုကောင်လေးကို ယူနီကွန်းပုံ
ဆွဲပြနေတာဖြစ်သည်။
ထိုကောင်လေးကလည်း hoseok ရဲ့ လက်ရာ
သေသပ်သည့် ယူနီကွန်းပုံကို စိတ်ဝင်တစား၊
ပါးစပ်အဟောင်းသားနဲ့ ကြည့်နေသည်။ကလေးတစ်ယောက်နဲ့ အတူရှိနေသည့်
hoseok ရဲ့ အပြုအမူ၊ ပုံစံတွေဟာ အရမ်းကို
နူးညံ့သိမ်မွေ့လွန်းနေပါသည်။
ပြီးတော့ ... ဖခင်တစ်ယောက်နှင့်တောင် ..
တူနေပါသေးသည်။" အားလုံးပဲ .. နေ့လည်စာ စားချိန်ရောက်ပြီ "
ထိုအချိန်မှာပဲ အခန်းထဲကို စစ်စတာ
( ခရစ်ယာန် မယ်သီလရှင် ) တစ်ယောက်
ရောက်လာပြီး နေ့လည်စာ စားချိန် လို့
ပြောလိုက်တာကြောင့်
ပန်းချီထိုင်ဆွဲနေသည့် ကလေးတွေအားလုံးက ချက်ချင်းပဲ သူတို့ ပန်းချီပစ္စည်းတွေကို
သိမ်းစည်းကာ နေရာတကျ ပြန်ထားပြီး
အခန်းထဲမှ ထွက်သွားကြသည်။ထိုစစ်စတာရဲ့ လက်ထဲမှာလည်း အနှီးနဲ့ပက်ကာ
ပွေ့ပိုက်ထားသည့် ကလေးတစ်ယောက်
ရှိနေပြီး tae နဲ့ hoseok ကို ကြည့်ကာ ပြုံးပြီး
ခေါင်းညိမ့် နှုတ်ဆက်လာသည်။
tae က စစ်စတာ့နားကို လျှောက်သွားပြီး" ကောင်းသော နေ့လည်ခင်းပါ စစ်စတာ "
" ဟုတ်ကဲ့ "
စစ်စတာက ခေါင်းညိမ့်အသိအမှတ်ပြုတော့
tae လည်း စစ်စတာ့လက်ထဲက ငြိမ်သက်စွာ
အိမ်မောကျနေသည့် ကလေးလေးကို
ငုံ့ကြည့်ကာ ထပ်ပြောသည်။" ဒီကလေးလေးက ဘယ်နှနှစ်လဲဟင် ..
ယောက်ျားလေးလား၊ မိန်းကလေးလား "" ယောက်ျားလေးပါ၊ တစ်နှစ် လို့တော့
ခန့်မှန်းရတာပဲ၊ လွန်ခဲ့တဲ့ တစ်ပတ်ကမှ
ရောက်လာတာ "
STAI LEGGENDO
ဘိန်းခင်းကြားမှ နှင်းဆီတစ်ပွင့် (Completed)
Fanfiction🌷ဘိန်းပန်းတွေဟာ.. လှပပြီး နူးညံ့သယောင်ရှိတယ်။ ချိုးဖဲ့ခူးယူဖို့ မခက်ခဲဘူး။ ဒါပေမဲ့... အဆိပ်ပြင်းတယ်၊ ရူးသွပ်စေတယ်။ သေစေနိုင်လောက်အောင် အန္တရာယ်ကြီးမားတယ်။ လျှို့ဝှက်ထောင်ချောက်တစ်ခုပဲ... 🌹နှင်းဆီတွေဟာ.. လှပပြီး ရဲရင့်ခြင်းသဘောကိုဆောင်တယ်။ ဒါပေမဲ့...