ဆေးရုံရှေ့မှာ ကားရပ်လိုက်တာနှင့် တစ်ပြိုင်နက် seokjin တစ်ယောက် ခါးပတ်ဖြုတ်ကာ
ကားပေါ်မှ ဆင်းသွားသည်။" ဟေ့ကောင် နေဦး ... "
hoseok က ကားမှန်ချရင်း လှမ်းခေါ်တော့ seokjin က ကားထဲကို ပြန်ငုံ့ကြည့်သည်။
" ငါ မင်းကို စောင့်နေရမှာလား၊ ပြန်ရမှာလား "
" မပြန်နဲ့ဦး၊ ငါ taetae ကို လွှတ်လိုက်မယ် "
" ဘာလို့လွှတ်မှာလဲ ! ဟေ့ကောင် ! kim
seokjin ! ဟေ့ကောင် ! ..... "hoseok အော်ပြောလို့မှမဆုံးခင် seokjin က
ဆေးရုံထဲကို လစ်ခနဲ ပြေးဝင်သွားသည်။min yoongi ကို ဘယ်လောက်တောင်များ
တွေ့ချင်နေလဲ မသိဘူး။
seokjin ကို မိန်းမတွေနဲ့ ပတ်သက်ပြီး ဒီလို
ဂနာမငြိမ်တာမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး။
အခုတော့ ကိုယ်ကပါ ဘာမဆိုင်၊ ညာမဆိုင်
taetae နဲ့ တွေ့ရတော့မယ်။
ဟူး ...... နေရခက်ပါတယ်ဆိုမှကွာ ....။hoseok ကားထဲမှာ ထိုင်စောင့်နေရင်း
ခဏကြာတော့ သက်တော်စောင့် တစ်ယောက်
နဲ့အတူ ဆေးရုံထဲက ထွက်လာသည့် tae ကို
တွေ့လိုက်ရသည်။ tae ကလည်း hoseok ရဲ့ ကားကို တွေ့တော့ သူ့သက်တော်စောင့်ကို
တစ်ခုခု လှည့်ပြောနေသည်။
သက်တော်စောင့်က ခေါင်းငုံ့အရိုအသေပေးပြီး ဆေးရုံထဲ ပြန်ဝင်သွားတော့ tae က hoseok ရဲ့ ကားဆီကို ဦးတည်ပြီး လျှောက်လာသည်။
ဒီတော့ hoseok လည်း ကားတံခါးကို
လော့ခ်ဖွင့်ပေးထား လိုက်သည်။tae က ကားတံခါးဖွင့်ပြီး ကားထဲ ဝင်ထိုင်ကာ hoseok ကို ပြုံးရွှင်နေသည့်မျက်နှာလေးနှင့်
ကြည့်သည်။" ကိုကို hoseok .. tae ကို စောင့်နေတာဆို "
" အင်း ... "
အခုချိန်မှတော့ မတတ်နိုင်ဘူးလေ။
seokjin စပေးခဲ့တဲ့ ဇာတ်လမ်းကို ကိုယ်တိုင်ပဲ
အဆုံးသတ်ရတော့မှာပေါ့။" ငါတို့ တစ်နေရာရာ သွားရအောင် "
" ဘယ်ကိုလဲ ... "
" နင် သွားချင်တဲ့နေရာပေါ့ "
" တကယ်လား ! "
" အင်း ... "
tae က အရမ်းပျော်သွားသည့်ပုံနှင့် မျက်လုံးလေးတွေ အရောင်လဲ့ကာ မေးသည်။
hoseok လည်း တံတွေးတစ်ချက် ခိုးပြီး မြိုချကာ ခေါင်းညိမ့်လိုက်သည်။
ဒါကို tae က သေချာအကဲခတ်ကြည့်ပြီး
VOCÊ ESTÁ LENDO
ဘိန်းခင်းကြားမှ နှင်းဆီတစ်ပွင့် (Completed)
Fanfic🌷ဘိန်းပန်းတွေဟာ.. လှပပြီး နူးညံ့သယောင်ရှိတယ်။ ချိုးဖဲ့ခူးယူဖို့ မခက်ခဲဘူး။ ဒါပေမဲ့... အဆိပ်ပြင်းတယ်၊ ရူးသွပ်စေတယ်။ သေစေနိုင်လောက်အောင် အန္တရာယ်ကြီးမားတယ်။ လျှို့ဝှက်ထောင်ချောက်တစ်ခုပဲ... 🌹နှင်းဆီတွေဟာ.. လှပပြီး ရဲရင့်ခြင်းသဘောကိုဆောင်တယ်။ ဒါပေမဲ့...