chim ဒီနေ့ သူ့ကိုသွားတွေ့ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
ဘယ်လိုမှငြိမ်နေလို့မဖြစ်တော့ဘူး။
သူတော်ကောင်းမကြီးလို သည်းခံနေလို့မဖြစ်တော့ဘူး။
ဘာအပြစ်မှမရှိတဲ့ tae ကို ဓားစာခံလုပ်နေမှန်းသိရက်နဲ့ ဒီအတိုင်းကြည့်မနေသင့်ဘူး။
သမ္မတကြီးကလည်း tae ကို အသေအချာ စောင့်ရှောက်ဖို့ chim ကို တာဝန် အပြည့်အဝပေးထားတာ။
ပြီးတော့ ဒီပြဿနာတွေကို အစပျိုးခဲ့တာလည်း chim ကိုယ်တိုင်ပဲ။
ဒီတော့ chim ပြန်ပြီး ထိန်းချုပ်နိုင်မှရလိမ့်မယ်။သမ္မတကြီးက အလုပ်များတဲ့သူမို့ ထုံးစံအတိုင်း ညနေမှ ပြန်လာမှာဖြစ်သည်။
tae ကလည်း သူ့သူငယ်ချင်းတစ်ယောက်ရဲ့
မွေးနေ့ပွဲကို သွားနေသည်။
kim seokjin နဲ့ အမ yoongi ကလည်း
Car Showroom ကိုသွားကြမယ်လို့
အယောင်ပြပြီး သီချင်းအသံသွင်းဖို့ မနက်အစောကြီးထဲက ထွက်သွားကြသည်။
ဒီတော့ chim အတွက် အခွင့်အရေးကောင်းကောင်းရနေသည်။chim အရင်လို ဝတ်နေကျ ဂါဝန်ရှည်အကျပ်တွေ၊ ဒူးဖုံးစကပ်တွေမဝတ်တော့ဘဲ
လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဖြစ်သည့်
အဖြူရောင် ဟိုဒီလက်ရှည်နဲ့ ဂျင်းဘောင်းဘီအပြာရင့်ကိုသာ ဝတ်ဆင်လိုက်သည်။
ပြီးတော့ ဖိနပ်စင်ပေါ်က စီးနေကျဒေါက်ဖိနပ်တွေကို မျက်ကွယ်ပြုပြီး ချောင်ကျသည့်နေရာမှာ ထားထားသည့်
ဘွတ်ဖိနပ်တစ်ရံကို ယူလိုက်သည်။
ဒါမျိုးတွေ မဝတ်ဖြစ်တာ သမ္မတကြီးနဲ့ လက်ထပ်လိုက်ကတည်းကပဲဆိုပါတော့။
အခုလိုကျပြန်တော့လည်း ရင်နာနာနဲ့ စွန့်လွှတ်လိုက်ရသည့် မော်ဒယ်ဘဝကို ပြန်တမ်းတမိသည်။chim အခန်းထဲက ထွက်လာတော့ တည်ကြည်လေးနက်ပြီး အိန္ဒြေရှိသည့်
သမ္မတကတော်ပုံစံမဟုတ်ဘဲ သာမန်မိန်းကလေးပုံစံမျိုးဖြစ်နေသည့် chim ကို
အစေခံတွေက အထူးအဆန်းပုံစံနဲ့ လိုက်ကြည့်ကြသည်။သားအမိတွေလို ရင်းနှီးနေသည့် mrs. lee ကတော့ သမ္မတကတော် ဘယ်ကိုများ သွားမလို့လဲ ဆိုပြီး မဝံ့မရဲ မေးလာသည်။
chim လည်း ဖာသာနဲ့ သွားတွေ့မလို့လို့ပြောပြီး ခပ်တည်တည်ပဲ ထွက်လာလိုက်သည်။
chim လိမ်နေမှန်း သိသာနေရင်တောင်
chim က လိမ်ပြောမှာမဟုတ်လောက်ဘူးလို့
ထင်ချင်ထင်နေမှာပါ။
VOCÊ ESTÁ LENDO
ဘိန်းခင်းကြားမှ နှင်းဆီတစ်ပွင့် (Completed)
Fanfic🌷ဘိန်းပန်းတွေဟာ.. လှပပြီး နူးညံ့သယောင်ရှိတယ်။ ချိုးဖဲ့ခူးယူဖို့ မခက်ခဲဘူး။ ဒါပေမဲ့... အဆိပ်ပြင်းတယ်၊ ရူးသွပ်စေတယ်။ သေစေနိုင်လောက်အောင် အန္တရာယ်ကြီးမားတယ်။ လျှို့ဝှက်ထောင်ချောက်တစ်ခုပဲ... 🌹နှင်းဆီတွေဟာ.. လှပပြီး ရဲရင့်ခြင်းသဘောကိုဆောင်တယ်။ ဒါပေမဲ့...