EP 🌹 _ 8

45 5 0
                                    

" တကယ်လား ! ဝေး ... ပျော်စရာကြီး "

လက်နှစ်ဘက်ကို လေပေါ်မြှောက်၍ ဝှေ့ရမ်းပြီး
သွားလေးတွေပေါ်အောင် ရယ်ပြုံးကာ ပျော်ရွှင်တက်ကြွနေသည့် tae ရဲ့ ပုံစံကို namjoon နဲ့ chim က ပီတိအပြုံးနဲ့ ကြည့်နေကြသည်။

yoongi ကတော့ ထမင်းစား စားပွဲရှည်ပေါ်က
စားစရာပန်းကန်တွေကိုသာ အာရုံစိုက်ပြီး
ခပ်တည်တည်နဲ့ အစားအသောက်မပျက်ဘဲ
နေနေသည်။

" အဲ့ဒါဆို ဖေဖေ မနက်ဖြန် တစ်နေ့လုံး tae တို့နဲ့အတူ ရှိနေပေးမှာပေါ့နော် "

" ဒါပေါ့ "

" ကြိုက်ပြီ ... ဒါမှ tae ဖေဖေကွ "

" မိသားစုပါတီလုပ်တာ အဲ့လောက်တောင် ပျော်လား "

namjoon က အရေးအကြောင်းတွေ ထင်းနေတဲ့ ပါးပြင်ပေါ်မှာမှ ပါးချိုင့်လေးတစ်ခုကို
ထင်းနေအောင် ပြုံးပြီး မေးတော့ tae က
ခေါင်းလေးညိမ့်ရင်း

" ပျော်တာပေါ့၊ မိသားစုတွေ နွေးနွေးထွေးထွေးနဲ့ အတူတူ ချက်ပြုတ်စားသောက်ရတဲ့ အရာက
ဘယ်အရာနဲ့မှ မလဲနိုင်ဘူး .. ပျော်ဖို့လည်း ကောင်းတယ်၊ ကြည်နူးဖို့လည်း ကောင်းတယ်၊
မိသားစုနဲ့အတူ အချိန်ဖြုန်းတာက သက်ရှည်ကျန်းမာဖို့ အထောက်အကူဖြစ်စေတယ်လို့ tae
အင်တာနက်ထဲက link တစ်ခုမှာ ဖတ်ရတယ်၊
ပြီးတော့ ..
ဖေဖေက သမ္မတတစ်ယောက် ဆိုတာကို ခဏမေ့ပြီး၊ သာမန် ဖေဖေ တစ်ယောက်လို့ သဘောထားပြီး ပျော်ပျော်ကြီး နေလို့ ရပြီလေ "

" ဟုတ်ပါပြီဗျား .. မနက်ဖြန်တစ်ရက်အတွက်
ဟော့ဒီက kim namjoon က သာမန်အိမ်ထောင်ဦးစီးတစ်ယောက်၊ သာမန်ဖေဖေ တစ်ယောက်ပါ .. ကျေနပ်ပြီလား "

" အင်း .. ဟီးဟီး "

ကလေးတစ်ယောက်လို အားရပါးရ ရယ်မောပြီး ကျေနပ်ပျော်ရွှင်နေသည့် tae ကိုကြည့်ကာ namjoon က ခေါင်းတညိမ့်ညိမ့်နဲ့ ပြုံးနေသည်။
chim ကလည်း namjoon တို့ သားအဖနှစ်ယောက်ကို ကြည့်ပြီး အပျော်တွေကူးစက်ကာ
နှုတ်ခမ်းဖူးဖူးလေး နှစ်လွှာကို ခပ်တင်းတင်းစေ့ကပ်၍ ပြုံးနေသည်။

" သမ္မတကြီး .. "

အစေခံခေါင်းဆောင် အဒေါ်ကြီး mrs.lee က namjoon အနား ရောက်လာပြီး မျက်နှာမသာမယာနဲ့ ခပ်တိုးတိုးပြောတော့ namjoon နဲ့အတူ
tae, chim နဲ့ yoongi တို့ကပါ ပြိုင်တူပဲ
ကြည့်လိုက်ကြသည်။

ဘိန်းခင်းကြားမှ နှင်းဆီတစ်ပွင့် (Completed)Dove le storie prendono vita. Scoprilo ora