EP 🌹 _ 2

119 4 0
                                    


" မဟုတ်သေးဘူး min yoongi ! "

အသံဒါရိုက်တာက ဒေါသတကြီး အော်ပြော
လိုက်တာကြောင့် yoongi ရဲ့ ခန္ဓာကိုယ်လေး
ဆတ်ခနဲ တုန်တက်သွားပြီး အသံဒါရိုက်တာကို
လှမ်းကြည့်လိုက်မိသည်။ အသံသွင်းခန်း
အပြင်မှာရှိနေသည့် အသံဖမ်းဒါရိုက်တာက
စက်ခလုပ်ခုံပေါ်က မိုက်တံကို ခပ်ကြမ်းကြမ်း
ဆွဲယူပြီး စိတ်မကြည်လင်ဖြစ်နေသည့်
မျက်နှာထားဖြင့်ပြောသည်။

" မင်းကို ငါ ဘယ်နှစ်ခါပြောရမလဲ !
ငါ့ကို စိတ်မတို တိုအောင် လုပ်နေတာလား !
ဒီစာသားတစ်ကြောင်းထဲကို ဆိုနေတာလည်း
အခေါက် ၂၀၀ မကတော့ဘူး !
ဒီ့ထပ်ပိုပြီးခံစားချက်ထည့်လို့မရဘူးလား !
ဒီ့ထပ်ပိုပြီး စိတ်နှစ်လို့မရဘူးလား ! အဲ့ဒီလို
rap ရွတ်တဲ့ပုံမျိုးနဲ့ဆို မင်း ဘယ်တော့မှ
idol တစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူး !
မင်းကိုယ်မင်း idol တစ်ယောက်ဖြစ်လာမယ်လို့
ယုံကြည်မှုရှိရဲ့လား min yoongi !
မင်းတစ်ယောက်ထဲ အဲ့ဒီအခန်းထဲမှာ
၄ နာရီလောက် အချိန်ကုန်နေတာ !
မင်း အသုံးမကျတာနဲ့ ကျန်တဲ့အဖွဲ့ဝင်တွေ
အတွက် အချိန်တွေ နှောင့်နှေးကုန်ပြီ !
မင်းရဲ့ အဖွဲ့ဝင်တွေကို နည်းနည်းလေးမှ
အားမနာတော့ဘူးလား ! "

အသံဒါရိုက်တာက ဒေါသတကြီးနဲ့ လက်ညိုး
ငေါက်ငေါက်ထိုးပြီး ပြောနေတော့
yoongi နှုတ်ခမ်းကို ဖိကိုက်ထားရင်း
ခေါင်းငုံ့နေမိသည်။ အသံဒါရိုက်တာရဲ့ဘေးမှာ
မတ်တပ်ရပ်နေကြသည့် အဖွဲ့ဝင်တွေကလည်း yoongi ကိုကြည့်ပြီး မျက်နှာပျက်နေကြသည်။

yoongi လည်း ကြိုးစားနေတာပဲလေ။
rap စာသားကို ပုံစံမျိုးစုံနဲ့ ရွတ်နေပေမယ့်
အသံဒါရိုက်တာက သဘောမကျတာတော့
yoongi လည်း မတတ်နိုင်တော့ပါဘူး။
ဒီ့ထပ်ပိုပြီးလည်း စိတ်မနှစ်တတ်တော့ဘူး။

yoongi ဒီအခန်းထဲမှာပဲ ချက်ချင်း လဲသေသွားရင်ကောင်းမယ်လို့ တွေးနေမိတယ်။
မှန်တွေကာရံထားသည့် အသံဖမ်းခန်းက yoongi အတွက်တော့ စိတ်ဖိစီးမှုတွေပေးနေ
သည့် အခန်းတစ်ခန်းလို့သာ မြင်မိသည်။
အနုပညာရှင်ဆိုတာ ပါးစပ်လေးလှုပ်၊
ခန္ဓာကိုယ်လေးလှုပ်တတ်ရုံနဲ့ မရပါလား။
တော်တော် စိတ်ပင်ပန်းတာပဲ။

ဘိန်းခင်းကြားမှ နှင်းဆီတစ်ပွင့် (Completed)Donde viven las historias. Descúbrelo ahora